11.7.09

ဗေဒင်မေးကြမလား




Steinbock CAPRICORN မကာရရာသီ
ဒီဇင်ဘာ (၂၂) ရက်မှ ဇန်နဝါရီ (၂၀) ကြား


ဤရာသီဖွားများသည် တယူသန် အစွဲကြီးသူများဖြစ်၍ မဆိုင်သည့် အသေးအမွှား ကိစ္စများကိုပင် တွေးတောပူပန် ကြောက်လန့်နေတတ်ကြသည်။ ဘာအလုပ်မှ မယ်မယ်ရရ လက်ကြောတင်းအောင် လုပ်ချင်ကိုင်ချင်စိတ် ရှိသူများ မဟုတ်သကဲ့သို့ ငပျင်းအများစုသည် ဤရာသီဖွားများ ဖြစ်ကြသည်။

အောင်မြင်ကျော်ကြားသော မကာရရာသီဖွားဟူ၍လည်း မရှိစကောင်း။ အရွယ်မရောက် သေးခင်ကပင် အိုမင်းမစွမ်း တုန်ရီချိနဲ့ နေတတ်ကြပြီး ၄င်းတို့၏ ထုံထိုင်း နုံနမှုများကြောင့်လည်း နာမည်ကြီးတတ်ကြသည်။

မကာရရာသီဖွားများ၏ အသုဘပွဲများတွင် အထူးလူစည်ကားပြီး လက်ခုပ်သြဘာသံများ မကြာခဏ ကြားရတတ်သည်။


ယတြာ။ ။ ဝါဝါမြင်သမျှ „ရွှေ..ရွှေ..ရွှေကွ“ ဟု သုံးကြိမ်သုံးခါ ကျယ်လောင်စွာ အော်၍ လည်ပင်းမှ ရွှေဆွဲကြိုးကို သူဖုန်းစားအား လှူလိုက်ပါ။
… … …

Wassermann AQUARIUS ကုမ်ရာသီ
ဇန်နဝါရီ (၂၁) ရက်မှ ဖေဖော်ဝါရီ (၁၉) ကြား


ဤရာသီဖွားများသည် စိတ်ထား နူးညံ့သော၊ သဘောထား ပြည့်ဝသော၊ လူချစ်လူခင်များသော ပွဲတိုင်းကျော်များ ဖြစ်ကြသည်။ ၄င်းတို့သည် လူမှုအဖွဲ့အစည်းများတွင် အားတက်သရော လှုပ်ရှား ကျင်လည်တတ်ကြသည်။ အကြောင်းမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ် ခိုင်ခိုင်မာမာ မရပ်တည်နိုင်ခြင်းကြောင့် ဖြစ်သည်။

ယင်းရာသီဖွားများ၏ ကာမစွမ်းအား ထူးချွန်မှုကြောင့် ကိုယ်ပိုင် အိမ်ထောင်ဘက်သာမက လူတိုင်း၏ ချီးကျူးမှုကို ခံကြရသည်။

ဖိုမ ကိုယ်အင်္ဂါ ခွဲစိပ်ပြောင်းလဲသူများသည်လဲ ဤရာသီဖွားထဲတွင် အများဆုံးဖြစ်သည်။


ယတြာ။ ။ ခေါင်းပေါ်တွင် ဘောင်းတော်ကို စွပ်၍ လမ်းပေါ်မှတွေ့ရာ လူများကို „မောင်မင်းများ…“ ဟု ရွတ်ဆိုရင်း သံလျက်နှင့် ရွယ်ကာ လိုရာဆုတောင်းပါ။

… … …

Fische PISCES မိန်ရာသီ
ဖေဖော်ဝါရီ (၂၀)ရက်မှ မတ် (၂၀) ကြား


ဤရာသီဖွားများသည် ချစ်ခင်မြတ်နိုး ကြင်နာတတ်သူများ ဖြစ်ကြပြီး မဟုတ်မခံ ဇတ်ဇတ်ကြဲ တတ်ခြင်းကြောင့်လဲ သဘောထား သေးသိမ်သူများဟု နာမည်ကြီး တတ်ကြသည်။

သူတို့၏ ဦးတည်ချက်မဲ့သော ပရမ်းပတာ လုပ်ဆောင်မှုများသည် ယင်းတို့၏ အတွေးအခေါ် စဉ်းစား ဆင်ခြင်ဉာဏ် ကင်းမဲ့မှုနှင့် တိုက်ရိုက် ဆက်စပ်နေသည်။

မိန်ရာသီဖွားအများစုသည် ပြည်တန်စာအိမ်များတွင် ဧည့်ကြိုရာထူးဖြင့် အသက်မွေးရင်း အောင်မြင်တတ်ကြသည်။


ယတြာ။ ။ နွေခေါင်ခေါင် နေကြဲကြဲတောက် ပူချိန်တွင် အနွေးထည် သုံးထပ်ဝတ်ကာ „အိုက်လိုက်တာကွာ“ ဟု သုံးကြိမ်သုံးကာ ရွတ်ဆို လိုရာဆုတောင်းပါ။

… … …

Widder ARIES မိဿရာသီ
မတ်လ (၂၁)ရက်မှ ဧပြီ (၂၀)ကြား


ဤရာသီဖွားများသည် လက်ရုံးရည်ရော နှလုံးရည်ပါ ပြည့်စုံကြွယ်ဝကာ ဇွဲလုံ့လ အားကောင်းကြသည်။ သို့သော ၄င်းတို့၏ တက်ကြွလှုံ့ဆော်မှုက ပန်ဝန်းကျင်မှလူအများကို စိတ်ကျရောဂါ ရစေတတ်သည်။

သူတို့သည် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုများကို ရည်ရွယ်ချက်ကြီးကြီးနှင့် လုပ်ဆောင်တတ်ကြသည်။ ထိုသို့လုပ်ဆောင်ကြခြင်း၏ အကြောင်းမှာကား မူလကြုံတွေ့နေရသော အခက်အခဲများကို မဖြေရှင်းတတ်ကြခြင်းကြောင့် ဖြစ်ပေသည်။

ဤရာသီဖွားများသည် မိမိထက် အသက်အရွယ်အားဖြင့်သော် လည်းကောင်း၊ ပညာအရည်အချင်း အားဖြင့်သော် လည်းကောင်း၊ ဥစ္စာအဆင့်အတန်း အားဖြင့်သော် လည်းကောင်း နိမ့်ကျသူများနှင့် အဆင်ပြေ ချောမွေ့စွာ ပေါင်းသင်းဆက်ဆံ နေထိုင် နိုင်ကြသည်။

ဤရာသီဖွား ပုရိသများသည် ကြီးမားရှည်လျားသော… (ဆင်ဆာ ဖြတ်သည်)


ယတြာ။ ။ အများသုံးအိမ်သာ၏ အတွင်းမှ အပြင်သို့ ထွက်စဉ် „အောင်ပြီ..အောင်ပြီ..အောင်ပြီ“ ဟု သုံးကြိမ်တိတိ ရွတ်ဆို၍ မျက်နှာကို ပြုံးဖြီးထားပါလေ။
… … …

Stier TRURUS ပြိဿရာသီ
ဧပြီလ (၂၁)ရက်မှ မေ(၂၀)ကြား


ဤရာသီဖွားများသည် လက်တွေ့ကျကျ တွေးခေါ်ကြံဆတတ်သူများ ဖြစ်ကြသည်။ မိတ်ဆွေ သူငယ်ချင်းများကို မပွင့်တပွင့်သာ ဆက်ဆံလေ့ရှိတတ်ကြပြီး မိမိထမ်းဆောင်နေရသော အလုပ်တာဝန်အတွက် အစဉ်အမြဲ မြည်တွန်တောက်တီးငြီးတွား နေတတ်ကြသည်။

ပြိဿရာသီဖွား ပုရိသများအဖို့ အထိအတွေ့ အာရုံခံစားမှုနှင့် ပတ်သက်လျှင် နယ်စည်းမခြားတတ်ခြင်းကို ဣထိယခေါ် အပျိုကြီးမမများ အထူး သတိချပ်သင့်ပေသည်။


ယတြာ။ ။ ရောဂါဘယနှင့် လူမှုရေး ပြဿနာများ ကင်းဝေးစေရန် WHO ၏ ညွှန်ကြားမှုကို လိုက်နာ၍ ဆောင်စရာရှိသည်ကို အသင့် ဆောင်ထားပါ။

… … …

Zwillinge GEMINI မေထုန်ရာသီ
မေ (၂၁)ရက်မှ ဇွန် (၂၁)ကြား


ဤရာသီဖွားများသည် မိတ်ဆွေ အပေါင်းအသင်းများကို စိတ်ရောကိုယ်ပါ နှစ်၍ ရောနှောတတ်ကြသော်လည်း သူငယ်ချင်းများက သူ့ကို ပျင်းရိဖွယ်ရာ ကောင်းသူဟု သတ်မှတ်လာတတ်သည်။

သူတို့ တတ်သမျှမှတ်သမျှကို လူရှေ့တွင် ထုပ်ဖော်ပြောဆိုကြရန် အလွန်မှ စိတ်အားထက်သန်သည်။ မိမိကိုယ်မိမိ ဘာတခုမှ မယ်မယ်ရရ မကျွမ်းကျင်ကြောင်းကိုယ်လည်း သူကိုယ်သူ သိထားကြပြီး ဖြစ်ပေသည်။

မေထုန်ရာသီဖွားများသည် အမျိုးတူခြင်း ပေါင်းသင်းရန် ဝန်မလေးသလို နှစ်ဘက်ချွန်များလည်း ဖြစ်တတ်ကြသည်။


ယတြာ။ ။ သောက်ရည်အိုးထဲသို့ ရေတဝက်သာထည့်၍ ဘောင်ဘင်ခတ်အောင် လှုပ်ရမ်းရင်း „ငါကွ..ငါကွ..ငါကွ“ ဟု သုံးကြိမ်သုံးခါ ရွတ်ပါလေ။ လိုရာအောင်မြင်မည်။

… … …

Krebs CANCER ကရကဋ်ရာသီ
ဇွန် (၂၂)ရက်မှ ဇူလိုင် (၂၂)ကြား


ဤရာသီဖွားများသည် စိတ်မနော ဖြောင့်မတ်ကြပြီး လူတဘက်သားကို သနားညှာတာ တတ်ကြသည်။ လူအများကတော့ သူတို့ကို တယူသန် တစောက်ကန်းများဟု စွတ်စွဲကြသည်။ မှတ်ဉာဏ်ကောင်းသူများ ဖြစ်ပြီး… သူတို့ ဖတ်မှတ်လေ့လာထားသော ပျင်းရိငြီးငွေ့စရာ ပုံတိုပတ်စများကို သူငယ်ချင်းများကို ပြန်လည် ဖောက်သည်ချတတ်သည်။

ပတ်ဝန်းကျင်မှ မိတ်ဆွေများ၏ အတွင်းရေးများ စုံစမ်းထောက်လှမ်းခြင်းကို ဝါသနာထုံပြီး ထိုသတင်းများကို ပြန်လည် ဖြန့်ဝေရန်ကိုလည်း အလွန်အားသန်သူများ ဖြစ်ကြသည်။


ယတြာ။ ။ ကင်မရာတလုံး သို့မဟုတ် ကင်မရာပါသော ဖုန်းတလုံးဖြင့် ပန်းခြံထဲမှ စုံတွဲတတွဲပုံကို အမိအရရိုက်ယူကာ „အပိုင်ပဲကွ“ ဟု ကျယ်လောင်စွာ ရွတ်ဆိုရင်း လိုရာဆုတောင်းပါချေ။
… … …

Löwe LEO သိဟ်ရာသီ
ဇူလိုင် (၂၃)ရက်မှ သြဂုတ် (၂၃)ကြား


ဤရာသီဖွား လူအများသည် ရက်ရက်ရောရော ပေးကမ်းစွန့်ကျဲတတ်ကြသူများ ဖြစ်ပြီး အတွင်းရေးစကားများ အတွက်လည်း စိတ်ချယုံကြည်ရသည်။ သူတို့၏ အမူအကျင့်က တခါတရံ အားနည်းချက်အသွင် ကူးပြောင်းကာ အများ၏ အသုံးချမှုကို ခံကြရတတ်သည်။

ပုံမှန်အားဖြင့်တော့ ထိုသို့ အသုံးချခံရမှုသည် ၄င်းတို့အတွက် ဆုတ်ယုတ်မှုတခု မဟုတ်ချေ။ အကြောင်းမှာ ယင်းရာသီဖွားများသည် ထိုကဲ့သို့ ပြုမူခံနေရသည်ကို သိရှိရန်ပင် ဉာဏ်မမှီနိုင် ကြသောကြောင့် ဖြစ်ပေသည်။

ထို့ကြောင့်ပင် လူအများအလည်တွင် ဟားစရာ သတ္တဝါများဖြစ်နေတတ်ကြပြီး ငယ်ရွယ်စဉ်ကပင် စိတ္တဇဆေးရုံ ဆေးပေးခန်းများနှင့် ရင်းနှီးနေတတ်ကြသည်။


ယတြာ။ ။ မိမိအား ရူးနှမ်းနေသူဟု လူမသိစေရန် လည်ပင်းတွင် ချူဆွဲ၍ လူအုပ်အလည်တွင် တနာရီကြာ လေးဘက်ထောက်သွားပြပါ။ လိုရာဆန္ဒပြည့်ဝစေရမည်။
… … …

Jungfrau VIRGO ကန်ရာသီ
သြဂုတ် (၂၄)ရက်မှ စက်တင်ဘာ (၂၃)ကြား


ဤရာသီဖွားများသည် အချက်အလက်ကျကျ တွေးခေါ်တတ်ပြီး စည်းကမ်းလိုက်နာ ဘေးကင်းကွာဟူသည့် စကားကို လက်ကိုင်ထားတတ်သူများ ဖြစ်ကြသည်။ သွေးအေးပြီး စိတ်ခံစားမှုနဲကာ သူတပါးအပေါ် သနားညှာတာမှု ကင်းမဲ့တတ်သည်။ တခါတရံ အိမ်ထောင်ဘက်နှင့် ပျော်မြူးနေစဉ် အချိန်တွင်ပင် အိပ်ပျော်သွားတတ်သေးသည်။

ကန်ရာသီဖွားများသည် ဘတ်စ်ကားမောင်းသူ သို့မဟုတ် ဆိုက်ကားနင်းသူများအဖြစ် အောင်မြင်သည်။

၎င်းတို့သည် အဝလွန်နေသူများ မဟုတ်လျှင် ကော်ဖီစွဲနေသူများ ဖြစ်တတ်ကြသည်။


ယတြာ။ ။ ပြောက်ကြားဝတ်စုံဝတ်၍ ကစားသရာ ရိုင်ဖယ်သေနတ်တလက်ကို ကျောမှာလွယ်ကာ ရန်ကုန် မြို့တော်ခမ်းမအရှေ့၌ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း လိုရာဆုတောင်းပါ။
… … …

Waage LIBRA တူရာသီ
စက်တင်ဘာ (၂၄)ရက်မှ အောက်တိုဘာ (၂၃)ကြား


ဤရာသီဖွား အများစုသည် အနုပညာရှင်များ ဖြစ်ကြသဖြင့် ၄င်းတို့သည် အမှန်တရားနှင့် ဝေးကွာနေကြသည်မှာ အဆန်းမဟုတ်ပေ။ အချိန်မဟုတ် အချိန်မတော် ခွေးလိုအူတတ်ကြပြီး အရက်ကိုလဲ အလွန်အကျွံ မူးအောင် သောက်လေ့ရှိတတ်ကြသည်။

တူရာသီဖွားများသည် ယောက်ျားလေးဖြစ်ပါက မိန်မလျာဖြစ်ရန် ရာခိုင်နှုန်းများစွာ ရှိသည်။ လိင်ဆိုင်ရာ ရောဂါများသည်လဲ ဤရာသီဖွားများအကြား တိုးပွားကူးစက်လျှက် ရှိပေသည်။


ယတြာ။ ။ ဆင်ဆင်ခြင်ခြင် နေကာ ခြောက်လတကြိမ် ဆေးစစ်မှုကို ခံယူခြင်းဖြင့် မဖြစ်သင့်သည်များကို ကြိုတင်ကာကွယ်ပါလေ။
… … …

Skorpion SCORPIO ဗြိစ္ဆာရာသီ
အောက်တိုဘာ (၂၄)ရက်မှ နိုဝင်ဘာ (၂၂)ကြား


စီးပွားရေးလုပ်ငန်းများကို အစွမ်းထက်ထက်ဖြင့် ဦးဆောင်နိုင်သလောက် ဤရာသီဖွားများအဖို့ လူအများ၏ ယုံကြည်ကိုးစားမှုကိုတော့ မျှော်လင့်၍မရ။ သူတို့၏ လူသားချင်း စာနာမှုကင်းမဲ့ခြင်းက ယင်းတို့ကို အောင်မြင်မှု၏ အထွဋ်အထိပ်သို့ ပို့ဆောင်ပေးလိမ့်မည်။

ထိုရာသီဖွားများသည် ကတုံးပေါ် ထိပ်ကွက်ရမည်ဆိုလျှင် ဘုန်းကြီးရဟန်းကိုပင် ရှောင်တတ်ကြသူများ မဟုတ်ပေ။ နာရေး အခမ်းအနားများတွင် အားရပါးရ ရယ်မောတတ်သူများသည်လည်း ဤရာသီဖွားများပင် ဖြစ်သည်။

ဗြိစ္ဆာရာသီဖွားများသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူတပါး၏ လုပ်ကြံမှုကို ခံတတ်ကြရသည်။


ယတြာ။ ။ အစိမ်းရောင်မြင်တိုင်း လက်ညှိုးထိုးကာ „အဘ“ ဟု ရေရွတ်၍ လိုရာဆုတောင်းပါ။

… … …

Schütze SAITARIUS ဓနုရာသီ
နိုဝင်ဘာ (၂၃)ရက်မှ ဒီဇင်ဘာ (၂၁)ကြား


ဓနုရာသီဖွားများသည် အကောင်းမြင်တတ်ပြီး ရည်ရွယ်ချက်ကြီးသူများ ဖြစ်ကြသည်။ တစုံတခုသော အခက်အခဲနှင့် ကြုံတိုင်း ကံကိုသာ ပုံချတတ်ခြင်းမှာ ၄င်းတို့၏ အစွမ်းအစကို ဖော်ကျူးနေသယောင် ရှိသည်။ သူငယ်ချင်းများက စိတ်မမှန်သူအဖြစ် သတ်မှတ်ခြင်းကို ခံရတတ်သည်။

ဤရာသီဖွားများသည် ရိုးသားဖြောင့်မှတ်ခြင်းကို အလေးထားပြီး အမှန်တရားကို အလွန်မြတ်နိုးသူများ ဖြစ်ကြသည်။ တခါတရံ သူတို့၏ နုံအ’မှု အဖြစ်မှန်များကို လူကြားထဲမှာ မရှက်မကြောက် ပြောဆိုတတ်မှုများကြောင့်လည်း လူတကာ၏ လှောင်ပြောင် ရယ်မောခြင်းကို မကြာခဏ ခံကြရတတ်သည်။


ယတြာ။ ။ စနေနေ့သည် ဤရာသီဖွားများအတွက် ကံကောင်းသော နေ့တနေ့ဖြစ်ရာ ထိုနေ့မနက်စောစောတွင် ပုလင်းကွဲများပေါ်၌ ခြေဗလာဖြင့် ခေါက်တုံ့ခေါက်ပြန်လျှောက်၍ လိုရာဆုတောင်းပါ။


သတ္တဝါအများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ…

းဝ) ဝေဒသူဌေး ကိုလူထွေး


မူရင်းကို
ရပါသည်။ ယတြာများကို ပရောဟိတ်ကြီး ကိုလူထွေးမှ မေတ္တာဖြင့် တွက်ချက်ပေးသည်။
.

35 ¢omments:

subuueain said...

ဗေဒင်ကြည့်သွားပါတယ်နော်

မေဇင် said...

ဦးလူထွင်း ဆိုးတယ်...။ သူများ ကို စိတ္တဇ ဆေးရုံ နဲ့ ငယ်ငယ်ထဲက နီးစပ်မယ်လို့ ဟောတယ်.. အရူးလို့ ပြောတယ်.. ဟင့်ဟင့်.... ယတြာကြီးကလဲ မကောင်းဘူး...ဟင့်...တိုင်ပြောမယ်.. ဘူ နဲ့ တိုင်ပြောရမလဲ ? ? ?

ကြယ်ပြာ said...

ိစိတ်ပုတ်ကြီး .... တင်းသွားပြီ ... ဖတ်လိုက်မှပဲ လူကိုအရူးလုံးလုံးဖြစ်တော့တယ် ...း(

Anonymous said...

ဟုတ်ပ့နော် ဒီလောက်ပဲစိတ်ပုတ်ရသလား
လူကြီးနော် မကောင်းဖူး
အရမ်းပဲလေးးးးး မကောင်းလိုက်တာနော်
သူများကိုလေအကောင်းတခုမှပါဘူးးးးးးးးးးး


မြူးလေး

Yu Ya said...

ဗေဒင်ကောင်းတယ်ဗျို့ ...

yu ya

kyalkalay said...

ဗေ ဒင် ~~~~~~

မှန် ဘောင်~~~~~


ဗေ ဒင် ~~~~~~

မှန် ဘောင်~~~~~

:P

kiki said...

မိန်ရာသီဖွားအများစုသည် ပြည်တန်စာအိမ်များတွင် ဧည့်ကြိုရာထူးဖြင့် အသက်မွေးရင်း အောင်မြင်တတ်ကြသည်။

ဟားဟားးး နောင်နှစ် ဗမာပြည် ပြန်ပြီး
ဒီအလုပ် ပဲ လုပ်စားတော့မယ်။
ဆြာ ဦးလူထွေး ရဲ့ ဗေဒင် အရ လို့ ပြောမယ် .


ငှဲငှဲ ....လာကြို ပေးရမလား ဆြာလူထွေး ကြီးရေ..

ရွာသားလေးဝိုင်တီယူ said...

်စီးပွားရေးမကောင်းတော့ဘူးလားဗျာ

အောင်သာငယ် said...

စိတ်တိုတယ်... ကလူထွေး...

မီးမီးချစ် said...

ဂယ်ကြီးလား ဟင်..
ကြောက်တောင်လာပြီး(

Ko Boyz said...

ဟေ့လူ... ဒါ အတည်လား။ နောက်တာလား။
နောက်တာဆို ပေါ့ပေါ့ပါးပါးပဲ ဖတ်သွားမယ်။
အတည်ဆို သေချာဖတ်ပြီး seriously လက်ခံမယ်။ မကာရဗျ။ ဘယ့်နှယ် လူကို လက်ကြောမတင်းသလေး၊ နုံအသလေးနပဲ ။ (တစ်ကယ်က ဟုတ်နေလို့ မခံချင်ဖြစ်နေတာ။)

ahhbyar said...

တော်သေးတာပေါ့ ဖတ်ရင်းနဲ့ကိုယ်တစ်ယောက်ထဲမဟုတ် တာကို သိလိုက်ရလို့... ချွေးတွေ အတောင့်လိုက်ထွက်လာတယ်... လူဆိုးကြီး....

မငုံ said...

ဗေဒင်လာတွက်တာပါ။ ယတြာ မချေလို့ မရဘူးလား ဆရာ။ ပုလင်းကွဲပေါ် ခေါက်တုံ့ ခေါက်ပြန် လျှောက်ရမယ်ဆိုတော့..နည်းနည်း စဉ်းစားမိလို့ပါ။

ကောင်းကင်ပြာ said...

တို့လဲ စိတ်တိုတယ်၊ ဟွန်း သီချင်းနာထောင်နေတာ အကောင်းသား( သိဟ်ရာသီ ၀ါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ)

Anonymous said...

11 Jul 09, 21:17
ဗြိစ္ဆာဖွား: အစိမ်းရောင်မြင်တိုင်း လက်ညှိုးထိုးရမယ် ဆိုတော့ ဒေါ်လာလားဟင်... ဟိုဟာကြီးဒွေ ထိုးမိရင် ထိုးမိတဲ့လက်ညှိုး အီးပုံထိုးပစ်မယ်...ဒါပဲ

11 Jul 09, 21:14
ဗြိစ္ဆာဖွား: သာမီးကို ဘူလူ လုပ်ကြံမယ် လိ့သဒင်းရလဲဟင်...

ဖိုးစိန် said...

i am cancer born

the last day of cancer ;)

is that truth?

something is right...

i am crab.

i am really crab!!! ;)

with love & peace

your beloved brother

phoesein

(can't type myanmar font)

reenoemann said...

ဗေဒင် လာတွက်သွားတယ်ဗျ

ရီနို

Mae said...

မှန်လဲ မမှန်ဘူး...
(ကောင်းတာမပါလို့ မမှန်ဘူး ပြောတာ)

ရေတမာ said...

ဦးလေး ဒီကကြောက်ပါတယ် ဆိုမှဆေးစစ်ခိုင်းနေပြန်ပါဘီ....

ကျုပ်မိန်းမလျာဖြစ်လို့ကတော့ ဦးလေးကို အရင်လာကျူမှာ..ဟွန်းး ဟွန်းးးးး

လူဇိုးးးးးးးးးးးးးးးးးးး

နွယ်ရိုး said...

TRURUS

ယတြာ။ ။ ရောဂါဘယနှင့် လူမှုရေး ပြဿနာများ ကင်းဝေးစေရန် WHO ၏ ညွှန်ကြားမှုကို လိုက်နာ၍ ဆောင်စရာရှိသည်ကို အသင့် ဆောင်ထားပါ။

ဆောင်သင့်တဲ့ဟာက ဈေးများကြီးနေမလားလို့၊ (WHO ကဆိုရင် အလကားရတယ်လည်းပြောတယ်)

amayarko said...

"လုပ်ငန်းပြောင်းပြီလားသာကော " :P

MAYY said...

ဟားဟား တော်တော်ရီရတယ် ဒီအိမ်ကိုခုမှ ရောက်ဖြစ်တာ တော်တော်နောက်ကျတာပဲ။ ဦးလူထွင်းရေ နောက်လာလည်အုံးမယ်။ လူပါနည်းနည်း ဟယ် ဖြစ်သွားတယ်။ ပါးညောင်းသွားပြီ တာ့တာ

အပြုံးပန်း said...

ဘယ်အငြိုးနဲ့များရေးပါလိမ့်။
ဗေဒင်ဆို အကောင်းပဲရွေးဖတ်တာ။ အခုတော့ တခုမှလဲမကောင်းဘူး။ ပူအိုက်ပါတယ်ဆို အနွေးထည်က ၀တ်ခိုင်းသေး။

ငှက်ကလေး said...

ဦးလူထွင်းးးးးး(ဒေါသသံဖြင့်အော်သည်) များက ကန်ရာသီဖွား အဲဂလို ယတြာ လုပ်လို့ကတော့ များကို ဟိုက ဆွဲထည့်သွားလိမ့်မယ် အင်းစိန်ကို ခဏလောက်ဆိုပြီးတော့ ဟွန်းးးး ပြောချင်ဘူး အဟုတ်မှတ်လို့ ဖတ်ပါတယ်

သွားခေါ်ဘူး လူဇိုးးးး

Anonymous said...

12 Jul 09, 10:26
kiki: ဗေဒင်ဆြာဂျီး ဦးလူထွင်း . တိုက်ဘယ်နှစ်လုံး ၊ ပတ်ဂျဲရိုး ဘယ်နှစ်စီး ရ နေ ပြီ လဲ .. လိုင်းပြောင်းတာ ဂွင် ဝင် သွား ပြီ ပေါ့ လေ . ဟိဟိ ကွန်ကရစ် ကျူလေးရှင်းးးး ဟဲ ဟဲ

Anonymous said...

12 Jul 09, 10:34
ညခင်း: ဗေဒင်လာဖတ်ပါတယ်။ ပြိဿဖွားတွေ ဒီလိုကြီးလား ကိုယ့်ပါကိုယ်တောင်သိဘူး

Anonymous said...

ဗင်ဒေ လာဘတ် သွားဘာဒယ်
:D

မိုးခါး

နွေးနေခြည် said...

ဟယ်..... မှန်နေတယ်...

မယ်ကိုး said...

ရယ်ရတယ်။ ပထမ တစ်ကြောင်းတော့ အမှန်လို့ ထင်တယ်။ ဗေဒင်ဆရာ ဦးလူထွင်း ယတြာပေးတော်ပါပေတယ်။ :)

ကြည်ဖြူပိုင် said...

ဟီးဟီးဟီး.......ရီလိုက်ရတာ အူတွေနာ။။။ပါးတွေညောင်း။။။။မျက်ရည်တွေဝဲ။။ပါးစောင်ကြီးနှစ်ဖက် နားရွက်တက်ချိတ်နေပြီကလူထွင်းရေ...ဘာလို့ဒီလောက်ရီစရာရေးတာတုန်း

Phyo Maw said...

ဟင် Aries ကျမှ ဆင်ဆာဖြတ်ရတယ်လို့
ကျန်တဲ့ဟာကျ ဆင်ဆာမပါဘူး

Moe Cho Thinn said...

ဒီဗေဒင်ဆရာကို တွေ့တဲ့နေရာ ချ ကွာ..

အမည်မဖော်လိုသော ဧည့်ကြိုတဦး

choco thazin said...

တက်တက်စင်အောင် မှန်တယ်။ နုံအတဲ့အဖြစ်ကိုလူတွေကြားပြောလို့ လူတွေရယ်တာခံရပေါင်းများတဲ့ ဓနုရာသီဖွား စစ်စစ်ပါ။

မေ့သမီး said...

ကိုလူထွေးအစုတ်ပလုပ်။ သူများကိုများပြည့်တန်စာအိမ်မှာ ဧည့်ကြိုရာထူးဆိုပဲ။ သေတော့မယ်။ အဲဒါဆိုကိုလူထွင်းကိုပေးမ၀င်ဘူး။ ဟွန်း

Anonymous said...

ဟွန်း လူဆိုး ဒီက အဟုတ်မှတ်လို့
ခေါ်တော့ဘူး
အဟဲ တမီးဆီမှာ လာဖတ် ပိုကောင်းတယ်
http://www.whiteyoungestsister.co.cc