၂၀၀၉ ခုနှစ် စက်တင်ဘာလ ၁၈ ရက်။
အာဏာသိမ်း နှစ်ပတ်လည်နေ့…
သူမျှော်မှန်းထားခဲ့သည့် နေ့ကြီး ရောက်ရှိလို့လာပေပြီ။
နန်းတော်ကြီးက ဟိုးအရင်တချိန်ကလို ပြန်လည်၍ စိုစိုပြေပြေ ရှိလို့နေသည်။ ဆွေမျိုးသင်္ဂဟများ၊ စစ်ဗိုလ်ချုပ် များနှင့် အရာရှိများ၊ ဝန်ကြီးများ၊ မိတ်ဆွေ အပေါင်းအသင်း၊ ကျေးဇူးခံကျေးဇူးစားများ အစုံလင် ရောက်ရှိနေကြသည်။
ပါတီရှိသည်ဟု ဖိတ်ကြားထားသောကြောင့် နေပြည်တော် ဘိသိက်ခမ်းမ ဆောင်ထဲတွင် ဧည့်သည်စုံညီ ရောက်ရှိနေကြသောလည်း ဗိုလ်ချုပ်မှူးကြီး ကိုတော့ အရိပ်အယောင်မျှပင် မတွေ့ကြရသေးချေ။ ဟိုစစ ဒီစစမှ ပျံ့ကျဲ နေသော သတင်းများကြောင့်လည်း အားလုံးက တပ်ချုပ်ကြီး၏ အဖြစ်မှန်ကို စိတ်ဝင်စားနေမိကြသည်။
အပြင်ဘက် နန်ဥယျာဉ်ထဲမှာတော့ ဖိုးလပြည့်ခေါ် မျောက်မူးလဲက သူ့သူငယ် ချင်းများနှင့် Baseball ကစားလျှက် ရှိသည်။ နန်းတော်ထဲမှာ လူစုံနေတာတော့ သူသတိထားမိသည်။ ဘာအတွက် ဘာကြောင့်ရယ်တော့ သူသေချာမသိ။ သိလည်း မသိချင်။ စိတ်လည်း မဝင်စား။
နန်းတော်ခမ်းမဆောင်ထဲတွင်တော့ သီချင်းသံ တိုးတိုးက ပျံလွင့်လျှက်ရှိသည်။ ရောက်ရှိနေကြသော ဧည့်ပရိတ်သတ်များက ရှန်ပိန်ခွက်၊ ဘီယာခွက်၊ အရက် ခွက်များကို ကိုယ်စီကိုယ်ငှကိုင်ကာ အုပ်စုဖွဲ့၍ စကားလက်စုံ ကျနေကြသည်။
တချို့ကလည်း ဗိုလ်ချုပ်မှူးကြီး ဘဝပြောင်းသွားသည့် သတင်းကို အတည် ပြုချင်ကြ၍ အချင်းချင်း တိုးတိုးတိတ်တိတ် စုံစမ်း မေးမြန်းကြသည်။ သူတို့ ကိုယ်တိုင်လည်း ဖိတ်စာရ၍သာ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်ပြီး ဘာကြောင့် ဘာအတွက်ရယ်တော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ကြ။
အာဏာသိမ်း နှစ်ပတ်လည်နေ့ကြောင့်လည်း ဖြစ်နိုင်သည်။ အဘကြောင့်လည်း ဖြစ်နိုင်သည်။ ဒီကြားထဲ အဘကို မတွေ့ရ၍လည်း ပို၍ပင် ပဟေဠိဆန်နေ လေတော့သည်။
ထိုအချိန်နှင့် မရှေးမနှောင်းမှာပင်…

အရှင် ဂမ္ဘီရဦးဆောင်သော သံဃာတပ်မတော်ကြီးသည် နေပြည်တော်၏ နန်းတော်ရှိရာကို ကြွချီလာနေကြသည်။ ပြည်သူအများကလည်း လမ်းဘေး ဝဲယာမှ ဝိုင်းရံလိုက်ပါ၍ အင်အားဖြည့်တင်း လာကြသည်။ သံဃာတော်များ ကလည်း အရပ်ရှစ်မျက်နှာရှိ သတ္တဝါများကို မေတ္တာပို့သလျှက် ရှိကြသည်။
အရှေ့အရပ်၌ရှိသော
အနန္တစကြဝဠာ
အနန္တသတ္တဝါတို့
ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ…
လောဘခပ်သိမ်း ငြိမ်းကြပါစေ…
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ…
မောဟခပ်သိမ်း ငြိမ်းကြပါစေ…
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ…
မေတ္တာပို့ ရွတ်ဖတ်သံက နန်းတော်နား နီးလာလေလေ ပို၍ ကျယ်လောင် လာလေလေ ဖြစ်သည်။ ပါတီပွဲလာ ဧည့်ပရိတ်သတ်များကလည်း ဇဝေဇဝါ ဖြစ်၍လာသည်။ ဗိုလ်ချုပ်ကြီးများက ခါးကြားထဲတွင် ဝှက်၍ယူလာသော သေနပ် များကို အသင့်ထုပ်ရန် ပြင်ဆင်ကြသည်။
ကြိုင်ကြိုင် သန္တာရွှေနှင့် ညီအမများက အားလုံးကို ငြိမ်သက်ဖို့ တောင်းပန်ရင်း အဖြစ်မှန်ကို ဖွင့်ပြောလိုက်သောအခါ အားလုံးက ဟာကနဲ ဟင်ကနဲ အံ့အား သင့်သွားကြသည်။ တခြား စစ်ဗိုလ်ချုပ်ကြီး များမှာလည်း တုန်လှုပ်ခြောက်ခြား သွားကြရသည်။
ဗိုလ်ကတော်များကလည်း “ငါမပြောလား” ဟူသော မျက်နှာပေးမျိုးနှင့် တဦးကိုတဦး မေးငေါ့ပြကြသေး၏။
ထိုအချိန်တွင်ပင် သံဃာ့တပ်မတော်ကြီးသည် နန်းတော်ကြီးနှင့် နီးသထက် နီးလာကြပြီ။ ဧည့်သည်များအားလုံးက နန်းတော်အပြင်ဘက်ထွက်ကာ ရဟန်း တော်များကို ကြိုဆိုဖို့ စောင့်ဆိုင်းနေကြသည်။ ဖိုးလပြည့်ကတော့ အပေါင်း အသင်းများနှင့် ကစားမပျက်။
မေတ္တာပို့သံတွေက ပို၍ ကျယ်လောင်လာကြပြီ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူ့အခန်းထဲမှ တရွေ့ရွေ့ တွားသွား၍ ထွက်လာသည်။ ယင်ကောင် များကတော့ သူ၏ခန္ဓာကိုယ်ပေါ်မှာ ဝိုင်း၍ အုံခဲနေကြဆဲပင် ရှိသေးသည်။
သူ၏အနာက ကုပ်ပိုးရှိ အသားများကို လှိုက်စားထားလေရာ သူ၏ဦးခေါင်းကိုပင် ပြင်းပြင်းလှုပ်၍ မရတော့။ နာကျင်မှုဝေဒနာကလည်း တနေ့မှမလျှော့… တိုးလို့သာ လာနေသည်။ ဘာပဲဖြစ်ဖြစ် ယခုအချိန်မှာတော့ သံဃာတော်များကို ဖူးမျှော်တောင်ပန်ချင်သည့် စိတ်သည်သာ သူ့ထံတွင် ကြီးစိုးနေလေတော့၏။
ဧည့်ခန်းဆောင်ကို ဖြတ်သန်းလာသည်ဝယ် မည်သူတဦးတယောက်ကိုမျှ မတွေ့ရဘဲ တိုးတိုဖွင့်ထားသော တေးသီချင်းသံကိုသာ ကြားနေရသည်။ သို့သော်လည်း ထိုသီချင်းသံက တဖြည်းဖြည်းနှင့် ပို၍ နီးသထက် နီးလာနေသော ရဟန်းတော်တို့၏ မေတ္တာပို့သသံ ကိုတော့ တွန်းလှန်နိုင်စွမ်း မရှိတော့။
လူအများ စုဝေးနေရာ နန်းဥယျာဉ်တော်အတွင်းသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခြေအချဝယ်… အားလုံးက ပါးစပ်အဟောင်းသားနှင့် တုန်လှုပ်အံ့သြစွာ ငေး ကြည့်နေမိကြသည်။ တချို့ကလည်း သူတို့နှာခေါင်းကိုသူတို့ လက်နှင့် အုပ်မိ လိုက်ကြသည်။ ပြီးတော့မှ အားနာကြောက်ရွံ့စွာ လက်ကို ပြန်ဖယ် လိုက်ကြသည်။
သူ့အနားသို့တိုးလာဝံ့သူတော့ ဘယ်သူမှမရှိ။
ထိုအချိန်မှာတင် မည်သူ တဦးတယောက်ကမှ ကြိုတင်တွက်ဆ မထားမိသည့် အဖြစ်အပျက်တခုက စက္ကန့်ပိုင်း အတွင်မှာပင် ရုတ်တရက် ဆက်တိုက် ဖြစ်ပျက်သွားလေ တော့သည်။
လျှပ်တပျက် မြန်ဆန်လွန်းလှသည့် အဖြစ်မို့လည်း မည်သူတဦးတယောက်ကမှ ဟန့်တားချိန် မရလိုက်။ အားလုံးက အံ့အားသင့်စွာဖြင့်သာ ငေးမောကြည့်ရှု မှင်သက်နေမိ လေတော့သည်။
ချေးပိုးထိုးကောင်ကြီးကို မြင်လျှင်မြင်ချင်း သူ့ကြောင့် ကောင်မလေး သူ့ကို အကပ်မခံတော့သည့် အကြောင်းကို သတိရသွားသော နေရွှေသွေးအောင်သည် သူတို့ကို နောက်တကြိမ် အရှက်ခွဲ အနှောင့်အယှက်ပေးရန် လာသည် အထင်နှင့် ဒေါသငယ်ထိပ်သို့ရောက်သွားကာ ဘေးမှသူငယ်ချင်း၏ လက်ထဲမှ Baseball တုတ်တံကို ဆွဲယူပြီး အဖိုးဖြစ်သူ ဗိုလ်ချုပ်မှူးကြီးဆီသို့ ပြေးလာသည်။
အခြေအနေကို မရိပ်စားမိသည့် ချေးပိုးထိုးကောင်ကြီးက ရှေ့သို့သာ ဆက်၍ တိုးလာနေသည်။
တချိန်ထဲမှာပင် အရှင်ဂမ္ဘီရ ခေါင်းဆောင်သည့် သံဃာထုကြီးက နန်းတော် အဝင်ဝသို့ ရောက်ရှိလာလေပြီ။ သံဃာတော်အပေါင်းက မေတ္တာပို့သခြင်း အမှုကို ဆက်လက် ပြုလုပ်နေကြဆဲ။ အရှင် ဂမ္ဘီရက ချေးပိုးထိုး ကောင်ကြီး ရှိရာသို့ ကြွချီလာ၏။
တပြိုင်နက်ထဲမှာပင် တုတ်ကိုဆွဲ၍ ပြေးလာသော ဖိုးလပြည့်က သူ့အဖိုးရှေ့ သို့ရောက်လာ၏။ မျက်နှာက ဒေါသကြောင့် နီမြန်းသွေးဆူနေပြီး မျက်လုံးများ ကလည်း ပေါက်ထွက်တော့ လုမတတ် ပြူးကျယ်၍ နေသည်။ တကိုယ်လုံး ကလည်း ရှက်စိတ်၊ ဒေါသစိတ်၊ ရွံရှာစိတ်များဖြင့် မွှန်ထူ တုန်ခါ၍နေသည်။
သူအလွန်ရွံမုန်းသော အဖိုးဖြစ်သူ၏ လက်ရှိပုံသဏ္ဍာန်ကို မြင်သောအခါ အထွတ်အထိပ်သို့ ရောက်ရှိနေသော သူ၏ဒေါသကို Baseball တုတ်တံ၏ ထိပ်ဖျားဆီသို့ ပို့လွှတ်လိုက်ပြီး အဖိုးဖြစ်သူ၏ ခေါင်းကို အရှိန်ပြင်းစွာနှင့် လွှဲ၍ ရိုက်ချပစ်လိုက် လေတော့သည်။
နဂိုကတည်းက အနာရှိန်နှင့် ပျော့ရိနေသော သူ၏ လည်ပင်းအရည်ပြားသည် တချက်ထဲနှင့် ပြဲထွက်သွားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးခေါင်းသည်လည်း ခန္ဓာကိုယ်မှ ပြုတ်ထွက်ကာ အဝေးတနေရာသို့ လွင်စင်သွားလေတော့သည်။
ဤအချိန်မှာတင် ဘွားတော် ကြိုင်ကြိုင်က “မလုပ်နဲ့” ဟု အော်ဟစ် သတိပေးရင်း… ပြောပြောဆိုဆို နဘေးရှိ ရဲချုပ်ခင်ရီ၏ ခါးကြားမှ သေနပ်ကို ဆွဲထုပ်ကာ မြေးဖြစ်သူ နေရွှေသွေးအောင်၏ ရင်ညွန့်တည့်တည့်သို့ ပစ်ချ လိုက်မိ လေတော့သည်။
ဖိုးလပြည့် နေရာမှာတင် အရုပ်ကြိုးပြတ် ပြုတ်ကျသွားသည်ကို မြင်လျှင် “မှားသွားပြီ”ဟု ချက်ချင်း သိလိုက်မိသော မယ်တော်ကြိုင်ကြိုင်လည်း နေရာမှာ ပင် ရုတ်တရက် နှလုံးသွေးရပ်တန့်ကာ ပြိုလဲကျသွားတော့သည်။
အဖြစ်အပျက်များက စက္ကန့်မခြား ဖြစ်ပျက်ခဲ့ခြင်းကြောင့် ပရိတ်သတ် အားလုံး က မှင်သက်မိစွာဖြင့်သာ ငေးမောနေမိကြဆဲ…
ပြတ်ထွက်သွားသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဦးခေါင်းမှာ သူ့ဆီသို့ တလှမ်းဆီတိုးလာသော အရှင်ဂမ္ဘီရ၏ ခြေတော်ရင်းအောက်သို့ “ဘုတ်”ကနဲ မြည်အောင် ပြုတ်ကျလေတော့သည်။
အခြေအနေအရပ်ရပ်ကို ရိပ်စားမိသွားသော အရှင်ဂမ္ဘီရလည်း သူ၏ရုံထားသော သင်္ကန်းကို ဆွဲကြုံ့ကာ ပြုတ်ကျလာသော တပ်ချုပ်ကြီးသန်းရွှေ၏ ရှေ့တွင် ငုပ်တုပ်ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ အကြင်နာပြည့်ဝသော လက် တဘက်ကို ဗိုလ်ချုပ်မှူးကြီး၏ ဦးခေါင်းပေါ်သို့ တင်ကာ မေတ္တာပို့ ဆုတောင်း ပေးလေသည်။
အရှင်ဂမ္ဘီရ၏ ခြေတော်ရင်းအစုံကို မြင်လိုက်သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နောက်ဆုံးမျှော်လင့်ချက်ဖြင့် သူ၏မျက်လုံးနှစ်လုံးကို အပေါ်သို့ ပင့်ကာ ရဟန်းတော်ကို ဖူးမျှော်ရန် ကြိုးစားသည့် အခိုက်အတန့်တွင်ပင် ကံကုန် အနိစ္စ ရောက်ရလေတော့သည်။
ထိုအချိန်မှာပင် အရှင်ဂမ္ဘီရသည် မေတ္တာတော် အနန္တ၊ ဂရုဏာတော် အနန္တ၊ စေတနာတော် အနန္တဖြင့် ချေးပိုးထိုးကောင်ကြီး၏ ပွင့်လျှက်ရှိနေသော မျက်လုံးအစုံကို လက်ချောင်းများနှင့် အောက်သို့သပ်ကာ ပိတ်စေလိုက်ပြီး “ယဿာနုဘာဝတော ယက္ခာ…” အစချီသော မေတ္တသုတ်တော်ကို စတင်၍ ရွတ်ဖတ် ပူဇော်လေတော့သည်။
နောက်မှပါလာသော သံဃာတော်အားလုံးကလည်း ခေါင်းဆောင် ရှင်ရဟန်းနှင့် ထပ်တူ မေတ္တာသုတ်ကို ရွတ်ဆိုကြလေတော့သည်။
ဤတွင်…
ရောက်ရှိနေကြသော ဧည့်ပရိတ်သတ်များ၊ ဗိုလ်ချုပ်ဗိုလ်မှူးများ၊ ပြည်သူ ပြည်သားများမှာလည်း မနေသာကြတော့ဘဲ နေရာမှာတင် ငုတ်တုပ်ထိုင်ကာ သံဃာတော်များကို လက်အုပ်ချီမိုး ဦးသုံးကြိမ်ချ ဝတ်ပြုကြလေတော့ သတည်း။
(နတ်လူ သာဓုခေါ်ပါ၏)
"ဘဝတပါး" နဲ့အတူ ဒီနေ့ ဒီနေရာအထိရောက်အောင် လိုက်ပို့ပေးကြတဲ့ စာဖတ်သူအားလုံးကို လေးလေးနက်နက် ကျေးဇူးတင်ရှိပါကြောင်း…
BONUS TRACK:
|
အားလုံးကို ခင်မင်လေးစားတဲ့
းဝ) ကိုလူထွေး
23 ¢omments:
၁ လာယူကြည့်တာပါ အရမ်းသဘောကျလွန်းလို့လေ
ကိုလူထွေးရေ ပိုစ့်လေးကို ဖတ်ပြီးသွားပီဗျာ ... လူမိုက်တို့ သွားရာလမ်းဟာ ဒီလမ်းပါဘဲ ... ရဟန်းသံဃာတွေကို နှိပ်စက်ညှင်းပန်း သတ်ဖြတ်ခဲ့တော့ အရှင်ဂမ္ဘီရကိုလည်း တောင်းပန်ဖို့ အချိန်မရလိုက်ဘူးလေ .. တကယ်တော့ မိမိအမှားကို သိလိုက်ရတဲ့ အချိန်မှာ ဒီကောင်ကြီး အချိန်မှီ ပြုပြင်ကောင်းပါရဲ့ .... ဒီပိုစ့်လေးကို အပြီးတိုင် သဘောတွေ့ ရေးပေးတဲ့အတွက်လည်း ကျေးဇူးပါဗျာ ...
အယ် ကိုဇော် ဘယ်ကတည်းက ချောင်းနေလဲ ဟွင်းး များက ဘုရားရှိခိုးနေလို့နော် အပြေးလာတာ ဒါတောင် မမီလိုက်ဘူး ဟွင်းးးး
ဦးလူထွေး မဖြစ်နိုင်တာ အခု ၁၈ ရက်ရောက်တော့မယ် သူ ဘာမှမဖြစ်သေးဘူး မယုံဘူး ဦးလူထွေး ဟွင်းးးး
သီချင်းလေးလဲ နားထောင်သွားတယ် ဦးလူထွေးရေ သိလား
၁ မရလို့ comment ၃ ခုနဲ့ သောင်းကျန်းပြီးသကာ လ ပြန်တော့မယ် ဦးလူထွေးရေ အဟေးးးအဟေးးးးးး ဘိုင် လိမ့်ပြီဗျိုးးးးးးး ဒုန်းးးးးးးးဒုန်းးးးးးးးးးးး တာ့တာ
ဇာတ်သိမ်းပုံလေးပါ သေသပ်တယ်
တကယ်ပဲဖတ်ကောင်းလှပါတယ်..ဦးလူထွင်းရှင့်
အူးဝါး.... အီးဝါး......
(ဝမ်းသားလွန်းလို့ ကျတဲ့မျက်ရေပါ..... :P)
very very good.
:DDDDDDDDDDDDd
အဲလိုကျတော့လည်း စိတ်မကောင်းပြန်ဘူး...
သီချင်းလည်းအရမ်းကောင်းးးးးးးးးးးးးးးးးး
ကိုလူထွေးရေ ဇာတ်သိမ်းခန်းမှာ သူ့ တောင်ပြန်သနားသွားတယ်
း)
ဘာပြောရမှန်းကို မသိဘူး။ ဇာတ်သိမ်းကျ သူ့တောင်ပြန်သနားနေရသေး :))
လူမိုက်တို့  ရဲ့ သွားရာလမ်းကို
ဖြောင့်ဖြူးအောင် လမ်းခင်းပေးလိုက်တဲ့
အဘ ဦးလူထွင်းကြီး .....ကျေးဇူးတင်လိုက်တာ တော်...
(တကယ်ဖြစ်လာရင် ပိုပြီးကျေးဇူးတင်ပါမည် ...
မဒမ်လူထွင်းကြီးနဲ့  အသက်ထက်ဆုံး ပျော်ရွှင်နိုင်ပါစေ .
..ကလေး တဒါဇင် မွေးပါစေ .. ဟေးဟေး..
ံHappy Ending လေးအတွက် စပါယ်ရှယ် ဆုတောင်းနော် ..ဟွန်း .. ကြိုးစားပေး ဟေး ဟေး ဟေး...)
ဟင်း ဇာတ်သိမ်းပြီလား။
ဇာတ်သိမ်းလေးကကျေနပ်စရာ... တကယ့်လက်တွေ့ဇာတ်သိမ်းခန်းသာ ရောက်လာရင် မြန်မာပြည်သူတွေ ဘယ်လောက်များ ဝမ်းသာလိုက်ကြမလဲနော်
ဇာတ်သိမ်းပုံလေ ကြိုက်တယ်...
အဲ သီချင်းကောင်းတယ်ဆိုပဲ နေဦး နားထောင်လိုက်ဦးမယ် ခဏနော် ဒါလေး အရင်ယူထား
ဟုတ်တယ်... အဓိပ္ပါယ်အပြည့်ပဲ သီချင်းလည်း ... အားလုံးခြုံပြောရရင် (အိုက်တယ်လို့မပြောဘူး :P) ရမ်းရမ်းကောင်း...
အဖြစ်အပျက်တွေက မြန်လိုက်တာ .. အပြင်မှာသာ ဒီလိုဆို တော်တော် သံဝေဂရစရာပဲ ..း(
ပုံပြင် ဆန်ပေမယ့် ဖတ်လို့ကောင်းတယ်...
ဇာတ်တောင် မသိမ်းစေချင်သေးဘူး...
ဇာတ်သိမ်းသွားတာ
သေသပ်လှပတယ်
ချစ်ကိုရေ
းဝ))
15 Sep 09, 08:55
မဆုမွန်: ကောင်းလိုက်တဲ့ ပို့စ်လေး ငါ့အစ်ကိုလက်ကတော့ ရွှေချထားရမယ် ဟီးဟီး
Please send e-book to my mail nyarna.aung85@gmail.com
I want to share with my fris.
This is master piece.
Thanks
Hopefully that day will be coming very soon!
ကိုလူထွင်း..... စာအုပ်ချုပ်ပီးလောက်ပီထင်တယ် ဟဲဟဲ။ မျှော်နေ၏ နော်........။
ဂွဒ်ရှယ်ပဲ။
ဒီဇာတ်လမ်းအတိုင်း အပြင်မှာ တကယ်မဖြစ်ပေမဲ့ လူတိုင်း သူ့ကို မုန်းတီး ရွံ့ရှာ အော့နှလုံးနာကြတာတော့ ချေးပိုးထိုးကောင်အတိုင်းပါပဲလေ။ မကွာခြားပါဘူး။
ကိုလူထွေး စိတ်ကူး ရေလည် ကောင်းတယ်။ Cheers!
Post a Comment