1.1.10

နှစ်သစ်မင်္ဂလာနှင့် သင့်၏ ကံကြမ္မာ

(ဦးလူထွေး ဟောသည်)


ကမ္ဘာသူ ကမ္ဘာသား အပေါင်းတို့သည် ယနေ့ ခရစ်သက္ကရာဇ် ၂၀၁၀ ခုနှစ် ဇန္နဝါရီလ ၁ ရက်နေ့ နံနက် ၀ နာရီ ၀ မိနစ်တွင် တွင် မင်္ဂလာရှိသော နှစ်သစ်အခါ သမယကို အောင်မြင်စွာ ကျော်နင်း ရောက်ရှိခဲ့ချေပြီ။

လူတိုင်းလူတိုင်းသည် ၄င်းတို့ဤ အတိတ်ကံ အကျိုးဆက် များကြောင့် ယခုရောက်လေရာ လူဘဝကြီးတွင် ကံအကျိုး ပေးပုံချင်းလည်း မတူညီကြပေ။ “လှံထမ်း လာတာကိုသာ မြင်ရပြီး ကံထမ်း လာတာကို မမြင်ရ” ဟု ရှေးဆိုရိုး ရှိခဲ့ပါသည်။

ဝေဒသူဌေး ဦးလူထွေး က သင်တို့၏ ကံကြမ္မာကို လယ်ပြင်တွင် ဆင်သွား သကဲ့သို့ ထင်ထင်ရှားရှား မြင်ရအောင် ထုပ်ဖော်ပြသ၍ ဆောင်ရန် ရှောင်ရန် ရှိသည်များကို မေတ္တာ ဂရုဏာ ရှေ့ထားကာ တွက်ချက် ပေးထားပါသည်။



တနင်္ဂနွေ သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် တနင်္ဂနွေ သားသမီးများအတွက် အောင်မြင်မှုများ စမ်းပွင့်မည့် ကာလဖြစ်သည်။ အလုပ်အကိုင် အဆင်ပြေ ချောမွေ့ပြီး (ဝင်ငွေ အနည်းအများပေါ် မူတည်၍) အိမ်ခြံ အတည်တကျ ပိုင်ဆိုင် ရကိန်းများ ရှိသည်။

အာဝဇ္ဇန်း ရွှင်ခြင်းသည် ကောင်းမြတ်သော အမူအကျင့် ဖြစ်သော်လည်း အာညောင်း လောက်အောင် စကားပြောတတ်ခြင်း ကိုမူ ရှောင်ရှား သင့်ပေသည်။ သို့မဟုတ်ပါက သင်၏ အနီးအနားမှ အပေါင်းသင်းများကို အပြီးသတ် လက်လွှတ် ဆုံးရှုံး ရတတ်ပါသည်။

ဤနှစ်အတွင်းတွင် အိမ်ထောင်မရှိသေးသူများ အိမ်ထောင် ကျကိန်း ရှိသည်။ အိမ်ထောင်ကျ ပြီးသူများ အင်္ဂလိပ်စာ သင်ရမည်။ အင်္ဂလိပ်စာ တတ်ပြီးသူများ အိုင်တီပညာ လေ့လာလိုပါက အိတ်စိုက်ရကိန်း ရှိပါသည်။ အိတ်မစိုက်လိုသူများ အပ်စိုက်ပညာ သင်ကြားရမည်။

ကျန်းမာရေးအနေဖြင့် အဆီအဆိမ့် လျော့စားပြီး အိပ်-ထ-မ-တင် အားကစား ပုံမှန်လုပ်ပေးပါက အဝလွန်ခြင်းမှ ကင်းဝေးမည်။ အရက်သေစာ သောက်စားခြင်းသည် အဆိပ်အတောက် ဖြစ်စေ တတ်သည့်အပြင် အသက်ကိုလည်း တိုစေတတ်ကြောင်း သတိရှိသင့်ပေသည်။

ယတြာ ။...။ အိမ်သို့ ညအိပ်ညနေ လာလည်သော ဧည့်သည်အား အိမ် သာသာယာယာ ဖြစ်ရန်အတွက် ဟု ဆိုကာ “အိမ်သာ” ထဲတွင် အိပ်ပါစေ။ လိုအင်ဆန္ဒ ပြည့်ဝမည်။



တနင်္လာ သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် တနင်္လာ သားသမီးများအတွက် အထူး ကောင်းမွန်သော နှစ်ဖြစ်သည်။ ကြိုးစား သလောက် အရာထင်မည့် အချိန်ဖြစ်ပြီး ခွန်အား စိုက်ထုတ်ခြင်းဖြင့် ကောင်းကျိုး ချမ်းသားကို လျင်မြန်စွာ ရရှိနိုင်ပေသည်။ (ကြိုးစားရန် အခက်အခဲရှိပါက ကြိုးနှင့် အသွင်သဏ္ဌာန်လည်းတူ နေ့သင့် နံသင့်လည်း ဖြစ်သည့် ခေါက်ဆွဲကို အစားထိုး စားနိုင်သည်။)

ကြီးသူကို ရိုသေထိုက်သော်လည်း ကြီးမိုက်များကိုမူ ကြိုတင် ရှောင်ရှားသင့်သော ကာလဖြစ်သည်။ ကတုံးပေါ် ထိပ်ကွက်ခြင်းဖြင့် လိုရာ မရနိုင်သည် ကိုလည်း သတိချပ် သင့်ပေးသည်။ ကတိတည်တတ်သူ ဖြစ်ပါစေ။

ငမ်းပိုးရှိသူများ၊ ငိုက်မရှက် ငတ်မရှက်များ၊ ဂေါ်မစွံသူ တနင်္လာသားသမီးများ ဤနှစ်အတွင်း ကျစ်လစ်သော ခန္ဓာကိုယ်ရှိသူနှင့် ချစ်ခွင့်ကြုံမည်။ ထို့အတွက် ကက်ကက်လန် ရန်တွေ့တတ်ခြင်းကိုမူ ချက်ခြင်း စွန့်လွှတ်ရပေမည်။

ကွမ်းယာဆိုင်ဖွင့်လျှင် ဂဏန်းများနှင့် အကျိုးပေးမည်။ ကုက္ကိုပင်ပေါ်တက်လျှင် ခြေချော်ကျ၍ ကျိုးတတ်သည်။

ကျန်းကျန်းမာမာ နေလိုလျှင် ကြက်ဆီဖူးများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ရှားသင့်ပါသည်။ ကြိုးခုန်ခြင်း၊ ကြက်ဖခွပ်ခြင်း၊ ကလိအထိုးခံခြင်း ကစားနည်း များသည် ကယ်လိုရီ လောင်ကျွမ်းအောင် အထောက်အကူ ပြုနိုင်သည်။

ယတြာ ။...။ ကလေးငယ် တယောက်အား ကုတ်ပေါ်တွင် ချီပိုး၍ ခေါ်လာပြီး ကွယ်ရာရောက်သော် ကိုင်ပေါက်လျှက် လိုရာဆုတောင်းပါ။ အချုပ်ခန်းသို့ ကျိန်းသေပေါက် ရောက်လိမ့်မည်။



အင်္ဂါ သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် အင်္ဂါ သားသမီးများအတွက် စီးပွားဖြစ်မည့် နှစ်ဖြစ်သည်။ စမ်းတဝါးဝါး ဖြစ်ခြင်း ညည်းညူနေခြင်းများ မရှိဘဲ စိတ်ရင်း သန်သန်ဖြင့် စွဲစွဲမြဲမြဲ လုပ်ကိုင်ပါက အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးနိုင်မည်မှာ သေချာပေါက်ပင် ဖြစ်၏။

စွဲလန်းစေတတ်သော အရာများ (ချက်တင်း၊ ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ် စသည်တို့) ကို ညည အိပ်ရေး ပျက်လောက်သည် အထိ မသုံးသင့်ပါ။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးတို့ကို ထိခိုက် စေတတ်ပါသည်။

စူးစမ်းခြင်းသည် အောင်မြင်မှု၏ လမ်းစဖြစ်သော်လည်း စားသင့်သည့် အသီးနှင့် အဆိပ်ရှိသည့် အသီးတို့ကို ခွဲခြားတတ်ရန် လိုအပ်ပေသည်။ ဆေးပညာ (ဘိန္ဒော)၊ ဆောက်လုပ်ရေးပညာ (ယင်လုံအိမ်သာ)၊ စီးပွားရေးပညာ (အနှိပ်ခန်း) သို့မဟုတ် စိုက်ပျိုးရေး ပညာများ (ကြက်ဆူပင်နှင့် ဘိန်းပင်) အကျိုးပေးမည်။

အဆီအဆိမ့် စားသုံးမှုနှင့် စည်ဘီယာ သောက်သုံးမှုကို လျော့ချပေးပါ။ စိတ်တည်ငြိမ်မှု ရအောင် စိပ်ပုတီး နာနာစိပ်ခြင်း၊ ဆေးပုံမှန် သောက်ခြင်းဖြင့် လက်ရှိ ခံစာနေရသော စိတ်ဝေဒနာများ လျော့နည်းသွားမည် ဖြစ်သည်။

ယတြာ ။...။ စည်ကားသော ဈေးတခုအနီး စင်္ကြန်ပေါ်တွင် မိမိကိုယ်မိမိ ဆယ်ကြိမ်ထက် မနည်း ဆံပင် ဆောင့်ဆွဲကာ ဆဲဆို၍ လိုရာဆုတောင်းပါ။


ဗုဒ္ဓဟူး သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် ဗုဒ္ဓဟူး သားသမီးများအတွက် ဝမ်းသာစရာ သတင်းကောင်းများ အများဆုံး ကြားရမည့် နှစ်ဖြစ်သည်။ “လေ” ရောင်းဝယ်ရေး လုပ်ငန်းများဖြင့် ဝက်ဝက်ကွဲ အောင်မြင်နိုင်သည်။ လူရှေ့တွင် လေ မလည်မိစေရန် အထူး သတိပြုပါ။

“ဝ” မရှိဘဲ “ဝိ” လုပ်၍ မရ ဆိုသည့် ဆောင်ပုဒ်ကိုလည်း မှတ်သား လိုက်နာသင့်ပါသည်။ ဝမ်းစာရှာသူ ဘဝတူ အချင်းချင်း ဝမ်းဖောက် စားလိုသူများ “ဝမ်း” သွားပြီးသည်အထိ စောင့်သင့်ပါသည်။

ဤနှစ်သည် အချစ်ရေးတွင် ရဲတင်းသော လူများအတွက် လမ်းပွင့် စမ်းပွင့်မည့် ကာလဖြစ်သည်။ ထို့ကြောင့် ရှက်ရွံ့ အားနာတတ်သူများ ဝမ်းတွင်းတွင် မြိုသိပ်ထားယုံနှင့် ဝမ်းသာခွင့်ကြုံမည် မဟုတ်ချေ။

ရှိုးလုပ်ငန်းများဖြင့် အောင်မြင်နိုင်သော်လည်း ရှော့ရှိတတ်ပါသည်။ ရပ်ကျိုးရွာကျိုးကို လိုက်ပါ ဆောင်ရွက်ခြင်းဖြင့် လူအများ၏ အမြင်ကြည်လင်မှုကို ပြန်လည်ရယူပါ။

ဝက်ဝံသား၊ ရှဥ့်သား၊ လူသားတို့ကို စားသုံးခြင်းမှ ရှောင်ကျဉ်သင့်ပါသည်။ လူတကာက “ဝမ်းတွင်းရူး” ဟု ဝိုင်းဝန်း ပြောဆိုသော်လည်း ရူးခြင်းမဟုတ် “ပေါ” ခြင်းသာ ဖြစ်သည်ဟု ခံယူ၍ မိမိကိုယ်မိမိ စိတ်ကျေနပ်မှုကို ရယူပါ။

ယတြာ ။ ရဲစခန်းရှေ့တွင် ရပ်၍ ရဲတင်းကြီးကို ရဲသာကြီးဘက်သို့ ချိန်ရွယ်ကာ “ရှင်ချင်တယ်.. ရှင်ချင်တယ်” ဟု သုံးကြိမ်ရွတ်ဆို၍ လိုရာဆုတောင်းပါ။


ကြာသပတေး သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် ကြာသပတေး သားသမီးများအတွက် ကြွက်တွင်းမှ ရွှေထွက်မည့် ကာလဖြစ်သည်။ ပျောက်ဆုံးနေသော ပလပ်စတစ်ထည် ပစ္စည်းများ၊ ဖယောင်းထည် ပစ္စည်းများ၊ မီးဖိုချောင်မှ အတိုအစ များကိုလည်း ကြွက်တွင်းထဲတွင် ပြန်လည် တွေ့ရှိရတတ်ပါသည်။

ပေးကမ်းစွန့်ကြဲခြင်းသည် သံသရာအတွက် အထောက်အကူ ဖြစ်လေရာ ပင်နီဇူးလား ပလာဇာ ရှိ ပွဲစားကို ပါသမျှ ပြဲပြဲစင်အောင် ပေးလိုက်ပါ။ ထို့နောက် “ပြောင်ပြီ ပြောင်ပြီ” ဟု တရားမှတ်ကာ ပြောင်းဖူးစိုက်၍ ဖြစ်စေ၊ ပန်းကန်ဆေး၍ ဖြစ်စေ၊ ဖိနပ်တိုက်၍ ဖြစ်စေ အသက်မွေးပါလေ။

ကြာသပတေး သားသမီးများသည် အချစ်ရေး ကိစ္စများတွင် ဖင့်နှေးသူများ ဖြစ်သော်လည်း ဤနှစ်သည် အိမ်ထောင်ရေး အတွက် ဖိတ်ဖိတ်တောက်သော ကာလဖြစ်သည်။ မာန်မာန ထောင်လွှားခြင်းသည် မှန်ကန် တည်ကြည်သော ဘဝတခုကို တည်ဆောက်၍ မရနိုင်သည်ကိုလည်း သတိပြုရပါမည်။ “ဖ” ဦးထုပ် နှင့် စသည့် လုပ်ငန်းများ အကျိုးပေးမည်။ (ဥပမာ - ဖုံး၊ ဖိုး၊ ဖဲ)

မိန်းမရှုပ်ခြင်း၊ မြာပွေခြင်း၊ မဆင်မခြင် လွန်ကျူးခြင်းများသည် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ မိမိအိမ်သူ အိမ်သားအပေါ် သစ္စာရှိသင့်ပါသည်။

ယတြာ ။...။ စတိုးဆိုင်တခု၏ မှန်ထဲတွင် မိမိကိုယ်မိမိ ပြန်ကြည့်၍ “မှန်ကြီးရေ ဒီကမ္ဘာမှာ ဘူဒူ အလှဆုံးလဲ” ဟု ကျယ်လောင်စွာ အော်မေးကာ လိုရာဆုတောင်းပါ။



သောကြာ သားသမီးများအတွက် ဟောစာတမ်း

ယခုနှစ်သည် သောကြာ သားသမီးများ အတွက် အကျိုးထူးများ ပွားများစေမည့် နှစ်ဖြစ်သည်။ မိမိ၏ အရည်အချင်းနဲ့ မိမိ၏ အလုပ် အပေါ်တွင် သစ္စာရှိမှုသည် သောကြာ သားသမီးများကို အထွဋ် အထိပ်သို့ ပို့ဆောင်ပေးမည့် အခြေခံ လိုအပ်ချက်များ ဖြစ်သည်။

ဟန်ကိုယ့်ဖို့ ဟူသော စကားရှိသော်လည်း ဟိတ်ဟန် များခြင်းကြောင့် ဟက်တက်ကွဲ စရာများ ကြုံကြိုက်ရ တတ်ပါသည်။ သိန်းချီ တန်ဖိုးရှိသော လုပ်ငန်းများသည် သေးကွေးသော အရာများမှ စတင်ခြင်းဖြစ်သည်ကို မမေ့သင့်ပါလေ။

သောကြာသားသမီးများသည် ဤနှစ်အတွင်း သန်းကြွယ် သူဌေးများနှင့် အိမ်ထောင်ပြု ရတတ်သည်။ ဟန်ဆောင် သူများကို ဝေးဝေးမှ ရှောင်ပါ။ ဟန်းဖုန်းကိုင်၍ ဟန်ကျပန်ကျ နေပြယုံမျှနှင့် သူဌေးမဟုတ်မှန်း သတိချပ်သင့်ပါသည်။

သစ်သီးသစ်ဖုများ ဟင်းသီးဟင်ရွက်များသည် သက်သတ်လွတ် စားတတ်သူ သောကြာ သားသမီးများနှင့် မသင့်လျော်သော အစား အသောက်များ ဖြစ်သည်။ ဟန်းချိန်းများ၊ သေနတ်များ၊ သဲခဲ ကျောက်များကို သက်သတ်လွတ် ဟင်းလျာများအဖြစ် လိုသလို စားသုံးနိုင်ပါသည်။

ဤနှစ်သည် သန်း၊ သိန်း၊ သောင်း အမည်ရှင် အစိမ်းရောင်ဝတ် လူကြီးများ၏ သက်တမ်းကုန် နေဝင်ချိန်လည်း ဖြစ်သည်။

ယတြာ ။…။ လူလည်ခေါင်တွင် လျှာကို အပြင်ထုပ်၍ “ဟောဟဲ.. ဟောဟဲ” ဟု အော်ကာ လေးဘက် ထောက် သွားပြပါ။ လိုအင်ဆန္ဒ ပြည့်မည်။



စနေ သားသမီးများအတွက် ဟောစတမ်း

ယခုနှစ်သည် စနေသားသမီးများအတွက် နတ်ကောင်းမ သော နှစ်ဖြစ်သည်။ မဟာ ဇနက္က ထုံး နှလုံးမူ၍ မလျှော့သော ဇွဲလုံလဖြင့် ကြိုးစား အားထုပ်ခြင်းသည် နတ်ကောင်းမ စေသော အဓိကအကြောင်း အရင်း ဖြစ်၏။

တန်ဖိုးမရှိသော စကားများ၊ တန်ဖိုးမရှိသော အကြောင်းအရာများ၊ တန်ဖိုးမရှိသော စာပေများကြောင့် မိမိ၏ တန်ဖိုးရှိသော အချိန်များကို မကုန်ဆုံးပါစေနှင့်။ ဒီရေသည် လူကိုမစောင့်သကဲ့သို့ တရုတ်ကြီး “အချိန်” သည်လည်း နောက်ကျတတ်သော “လု” ကို စောင့်လိမ့်မည် မဟုတ်ပါ။

စနေသားသမီးများသည် ဤနှစ်အတွင်း တမ်းတမ်းစွဲ ချစ်မိ နေသူများနှင့် တအိုးတအိမ် ထူထောင် ရတတ်သည်။ တရပ် တကျေးမှ အိမ်အို အိမ်ဟောင်း များကြောင့်လည်း စိတ်ညစ် ရတတ်သေးသည်။ တလင်တမယား စနစ်သည်သာ အကောင်းဆုံး ဖြစ်သဖြင့် တခြားအိမ်ယာနှင့် ဒွေးရော ယှက်တင် နေထိုင်ခြင်းကို ရှောင်ကျဉ် သင့်ပါသည်။

“တပ်” ဟူသော အသံကြားလျှင် တခါတည်း ထိုးအန်တတ်သည်။ ထင်ရာစိုင်း တတ်သူများ ထိပ်ပိုင်းသို့ ရောက်နိုင်သော်လည်း တထိုင်တည်းနှင့် ဓားစာ သင့်တတ်သည်။ တကိုယ်ကောင်း သမားများ နှမသားချင်း စာနာ တတ်ကြပါစေ။

ယတြာ ။…။ စနေနေ့သည် ကံကောင်းသော နေ့ဖြစ်သဖြင့် အခြားနေ့ ဖွား သားသမီးများကို အဖော်ပြုကာ နေပြည်တော် မြို့သို့ သွား၍ ...



“ဒီ ကနေ့ နေသာ၏
မိုး ကလည်း မရွာပါ
က လေးများ အာခြောက်နေကြပြီ
ရေ လေးဘာလေး တိုက်ပါအုံး
စီ ပိုး ဘီပိုး မပါအောင်
ချက် ဖို့ကျိုဖို့ လိုပါသည်
ချင်း တောင်းနှင့် ဘယ်လိုလုပ် ရေခပ်ယူလာမည်လဲ
ပေး တတ် ကမ်းတတ်ကြပါစေ”

...ဟု တနေကုန် ရွတ်ဆိုကာ လိုရာဆုတောင်းပါ။

... ... ...

ဤတွင် နှစ်သစ်မင်္ဂလာအတွက် သင့်၏ ကံကြမ္မာ နိဋ္ဌိတံ၏။

လူသားတိုင်း လူ့အခွင့်အရေးကို အပြည်အဝ ခံစားနိုင်ကြပါစေ...


ဝေဒသူဌေး ဦးလူထွေး
B.S.E. (Oxf.) , H5N1 (Bkk.), Ph7 (Aachen), H.I.Visit (Ygn.)

Links:

ဗေဒင်မေးကြမလား (ကော်ပီ)
ကိုလူထွေး ပေးတဲ့နာမည် (အညောင်းပြေ)


46 ¢omments:

MDW said...

ဗေဒင်ဆြာဂျီး အူးဠူထွင်း ယတြာတွေ အားဂျီးခေါင်းဒယ်။
စနေသားသမီးများအတွက် ကို အကြိုက်ဆုံးပဲ။

မင်္ဂလာရှိသော နှစ်အသစ်စက်စက် ဖြစ်ပါစေ ... ။ :)

ခြေလှမ်းသစ် said...

ဗေဒင် ဆရာကြီးရဲ့ နှစ်သစ်အတွက် တပတ်စာ ဟောစာတမ်းကတော့ ပြန်လန် ထွက်နေတာပဲဗျ ... အကောင်းစားတွေ ချည်း ...

လုံမလေး said...

အဟီ ဟီး
ကောင်းလိုက်တာ ဗေဒင်မေးမယ်လေ
ဟောပေးနော် ဘယ်တော့ ရမှာလဲ?
ပျောက်သွားတဲ့ ပိုက်ဆံပြောတာနော်

ကိုချစ်ဖေ said...

ဆြာလူထွေးဟောချက်တွေ မှန်လှသည် အထူးသဖြင့်ယတြာများကို ခုနှစ်ရက်သားသမီးလုပ်ဆောင်သင့်ပေသည်။
ဟိဟိ..သောကြာသားများအတွက်ဟောစာတန်း
“ဤနှစ်သည် သန်း၊ သိန်း၊ သောင်း အမည်ရှင် အစိမ်းရောင်ဝတ် လူကြီးများ၏ သက်တမ်းကုန် နေဝင်ချိန်လည်း ဖြစ်သည်” ကိုမှန်စေချင်ပါကြောင်း..

ဝေလင်း said...

အူးလူထွေးကြီးဗေဒင်ကမှန်လောက်တယ်ဗျ..ဗုဒ္ဓဟူးသားတွေ လေလုပ်ငန်းနဲ့ အကျိုးပေးမယ်ဆိုတာ။ မချစ်ကြည်အေးရဲ့ ဘလော့ဂါရမယ် ဆိုတဲ့ပို့စ်မှာတောင် မိုးပျံပူဖောင်းနဲ့ မုန့်လေပွေ ၀င်ရောင်းလိုက်ရသေး..ဟေး.အေးအေး...

pandora said...

စောစောစီးစီး ဗေဒင် လာကြည့်သွားတယ်။
ပျော်ရွှင်သထက် ပျော်ရွှင်ပါစေ ကိုလူထွေး

ရီမိုးပြည့်  said...

ဗေဒင်ဆရာကြီး ဦးလူထွေးရေ.. နှစ်သစ်ဟောစတမ်းလေးကို လာဖတ်သွားပါတယ်...

ရွှေရတုမှတ်တမ်း said...

မှန်ချက်တော့..ဆရာရယ်
ဆန်တပြီငွေတမတ်နဲ့ဆိုရင်..စီးပွားဖြစ်လောက်တယ်..း))

တောင်ရေး မြောက်ရေး စာစုများ said...

ဟားဟား ကိုလူထွေးဗေဒင် တော်တော်ရယ်ရတယ်။ နှစ်သစ်မှာ ပျော်စရာလေးနဲ့ စလိုက်တာပေါ့။ အမြဲတမ်း အဲလို ပျော်နိုင်ပါစေဗျာ။

busymozzee said...

“တပ်” ဟူသော အသံကြားလျှင် တခါတည်း ထိုးအန်တတ်သည်။
အဟွတ်ဟွတ်ဟွတ်...
ပညာယှိမျန်း ပြေးကြည့်၇င်... တွေးကြည့်တတ်ထက်မှန်တာပဲ....

ရွာသားလေးဝိုင်တီယူ said...

မှန်လိုက်တာ ဆရာရယ် စားစရာဆန်မရှိတော့ဘူး

မယ်ကိုး said...

ပျော်ရွှင်ဖွယ် နှစ်သစ်ကစ မင်္ဂလာအပေါင်း ခညောင်းပါစေ။
ဦးလူထွင်း ပျော်စရာစာကောင်းလေးတွေ အများကြီးရေးနိုင်ပါစေ။

ဧပရယ်လ်ပူး@ပူးတေ said...

ဝေဒကဝိ နိုင်ငံကျော် (ကမ္ဘာကျော်) ဦလူထွင်း....
(၇) ရက်သားသမီး ဟောစာတမ်းလေး ၁ စောင်လောက်....
:)

Rita said...

မှန်ပါတယ် မှန်ပါတယ်။ ဘာမှန်မှန်းတော့ မသိဘူး။

Rita said...

ဗေဒင်ဆရာက ကမ်းလှမ်းပြီးဟောတာ တခါမှ မကြုံဖူးသေးလို့။

ဒဏ္ဍာရီ said...

နှစ်သစ် မနက်လေးမှာ ပိုစ့်အသစ်တွေ့လို လာဖတ်လိုက်တာ ပြုံးပြီး ပြန်ရတယ် ကိုလူထွေးရေ... တနှစ်ပတ်လုံး အလွဲများ ကင်း၍ ထာဝရ ပြုံးပျော်နိုင်ပါစေး)

ခင်မင်လေးစားလျှက်

အနမ်း said...

ကျန်းမာရေးအနေဖြင့် အဆီအဆိမ့် လျော့စားပြီး အိပ်-ထ-မ-တင် အားကစား ပုံမှန်လုပ်ပေးပါက အဝလွန် ခြင်းမှ ကင်းဝေးမည်။ အရက်သေစာ သောက်စားခြင်း သည် အဆိပ်အတောက် ဖြစ်စေတတ်သည့်အပြင် အသက် ကိုလည်း တိုစေတတ်ကြောင်း သတိရှိသင့်ပေသည်။
သွေးထွက်အောင်မှန်တယ်ဆိုတာ ဒါမျိုးဖြစ်မယ်း)))
ဗေဒင်ဟောစားရင် တိုက်ဆောက်နိုင်မယ်ထင်တယ်။
လူတကာက “ဝမ်းတွင်းရူး” ဟု ဝိုင်းဝန်း ပြောဆိုသော် လည်း ရူးခြင်းမဟုတ် “ပေါ” ခြင်းသာ ဖြစ်သည်ဟု ခံယူ၍ မိမိကိုယ်မိမိ စိတ်ကျေနပ်မှုကို ရယူပါ။းP

ဧရာဝတီ said...

စနေသားသမီး မိုက်တယ် :)
Happy New Year !!! 2010

နှင်းနဲ့မာယာ said...

ဘွဲ့တွေကိုသဘောကျတယ်....
ဆာလူထွေးက နိုင်ငံတကာက ပညာတွေယူလာတာပဲ
ဟောချက်တွေကလဲ မှန်မှမှန်...
နာမည်ကြီးအုံးတော့မှာပဲ...


နှင်း

ဝက်ဝံလေး said...

စနေ သားသမီးများအတွက် ဟောတမ်းက အောက်ဆုံး ယတြာကို ဒေါင်လိုက်ဖတ်လိုက်မိတယ် ဗျာာာာာာာာာာ

Waing said...

အပ်စိုက်ပညာတော့ မသင်ရသေးဘူး အဆန်းပဲ
ပြီးတော့ အခုလိုနှစ်သစ်မှာယတြာလည်း ချေကြည့်ချင်သေးတယ် ကိုလူထွေးရေ အိမ်ကို အလည်တစ်ခေါက် ကြွခဲ့ပါဦးး)

ခရေညို said...

မှန်ပါ့တော်။ ဘာမှန် မှန်းတော့သိဘူး ဟိ


မင်္ဂလာရှိသော နှစ်အသစ် ဖြစ်ပါစေ . :)

အိန္ဒြာ said...

တနင်္ဂနွေ သားသမီးကို လာကြည့်တာပါ..။

ဧည့်သည်ကို အိမ်သာထဲ အိပ်ခိုင်းရမယ် ဆိုတော့...
အင်းးးးးးးးကျေးဇူးတင်ပါတယ်..
ဒီယတြာကို ပြောပြောပြလိုက်မယ်...

ခင်ခင်မင်မင်

နွေဆူးလင်္ကာ said...

ကိုလူထွေးကြီး အိမ်လာလည်ပါလား .. ကျနော်က တနန္ဂနွေသားဆိုတော့ အိမ်သာထဲမှာ သိပ်ရအောင်လို့ပါ။ ဒီပို့စ်ကို မိုးမခကပို့လို့ ဖတ်ပြီးပြီ။

မေကဆုန် said...

ဦးလူထွင်း
ဗေဒင်အတိုင်း နှစ်ကူးနေ့မှာ ခေါက်ဆွဲကြော် ကြော်စားပါတယ်ရှင့်.. ယတြာတော့ မချေပါရစေနဲ့နော်.. တော်ကြာ မေကဆုန်အမက သူ့ကလေးကိုလုပ်လို့ဆိုပီး နှင်ချနေဦးမယ်.. ဟီးဟိး

သုဒြေ္န said...

ကောင်းတယ်ဗျာကိုလူထွေး ဗေဒင်မှန်ချက်ကလန်ထွက်နေတာ တော်ကြာနှဖူးလာမှန်မှာစိုးလို့ ဦးထုပ်ဆောင်းထားရတယ် ဒါ့ ထက်ပိုကြီးပွါးအောင်လာဗျာ (ပျဉ်းမနား) သူတို့ မြို့ မှာသွားဟောရအောင် ခင်တဲ့ သုဒြေ္န အရေးကြီးတာမေ့ သွားတယ် နှစ်သစ်မှာကောင်းခြင်းမင်္ဂလာအဖြာဖြာနဲ့  ပြည့် စုံပါစေဗျာ

ကြည်ဖြူပိုင် said...

ကလေးတစ်ယောက်ကိုကုတ်ပေါ်တင်ပြီး ကွယ်ရာရောက်တော့ကိုင်ပေါက်မယ်ကြံပါတယ်။
သူ့အမေကြီးရောက်လာလို့အကြံမအောင်လိုက်ဘူး
ဗေဒင်ဆရာရေ့ :D

yangonthar said...

ဆိုင်ရာ ဟောစတမ်းနဲ့ ယတြာဟောကြမ်းကို ဖတ်သွားပါကြောင်းအစ်ကိုလူထွေးရေ ... မှန်ထဲကြည့်ပြီး ဘယ်ဒူ အလှဆုံးလဲလို့ အော်ဖို့ ကြိုးစားလိုက်ပါဦးမယ် ..... :D
ခင်တဲ့
ရန်ကုန်သား :)

မြစ်ကျိုးအင်း said...

စနေသားသမီးယကြာအတိုင်း ဖြစ်ပါစေဗျာ

မြစ်ကျိုးအင်း said...

တနှစ်စာဟောစာတမ်းက ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ပါပဲ သဘောကျစရာဗျား)

ဂျစ်တူး ( မုံရွာ ) said...

ဟာ----ကိုထွေး
ဒါလည်းရတာဘဲလား
မိုက်တယ်ကွာ
နှစ်သစ်မှာကျန်းမာပျော်ရွှင်နိုင်ပါစေခင်ဗျာ

Anonymous said...

“ဒီ.......ကနေ့ နေသာ၏
မိုး........ ကလည်း မရွာပါ
က .........လေးများ အာခြောက်နေကြပြီ
ရေ .......... လေးဘာလေး တိုက်ပါအုံး
စီ ..............ပိုး ဘီပိုး မပါအောင်
ချက်.......... ဖို့ကျိုဖို့ လိုပါသည်
ချင်း ........တောင်းနှင့် ဘယ်လိုလုပ် ရေခပ်ယူလာမည်လဲ
ပေး

Anonymous said...

မှန်လိုက်တဲ့ ဗေဒသုခုမ ယတြာဆြာ ဌွေး

~ဏီလင်းညို~ said...

အစ်ကိုလူထွေးရေ...
ချွန်ဒေါ်ကတော့ အိမ်ကိုဧည့်သည်လာရင် အိမ်သာထဲမှာပဲ..သိပ်တော့မည်။
ဘာလို့လဲဆိုပြီး...ကွန်ပလိန်းတက်ရင် ကိုလူထွေးယတြာဆိုပြီး....ပြောပစ်အူးမှာ...း)
(ကိုင်စရာ ဒုတ်တစ်ချောင်းတော့ရပြီ...ဟီးးးးးးး)
ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ အစ်ကိုကြီး...
ခင်မင်တဲ့
ဏီလင်းညို

ဂျစ်တူး ( မုံရွာ ) said...

ကိုထွေးရေ
ရှင်ချင်တယ်ရှင်ချင်တယ်လို့ 
အအော်ကျင့်နေတုံး
သူငယ်ချင်းတွေက
နင်အခုသေနေလို့လား
လို့အမေးခံရတယ်
ဘယ်လိုပြန်ပြောရမလဲဗျ

puluque said...

မှန်လိုက် တာ ဆရာထွင်း၇ယ်။ ဗိုက်ကြောတွေတော့အောင်သွားတယ်၇ီရလို့

မမသီရိ said...

း)
လုပ်စားလို့ ရပြီ ဆရာ စဏ်လူထွေးဗိုလ်...

ချစ်ကြည်အေး said...

စွဲလန်းစေတတ်သော အရာများ (ချက်တင်း၊ ဖေ့စ်ဘွတ်ခ်၊ ဘလော့ဂ် စသည်တို့) ကို ညည အိပ်ရေး ပျက်လောက်သည် အထိ မသုံးသင့်ပါ။ ပညာရေး၊ ကျန်းမာရေး၊ အိမ်ထောင်ရေးတို့ကို ထိခိုက် စေတတ်ပါသည်။

မှန်ချက်...လန်ထွက်.... ဗျာ....:D

Nge Naing said...

အချုပ်ခန်းထဲ ရောက်မှာစိုးလို့ ယကြာတော့ မချေတော့ဘူး။ လူသားတိုင်း လူ့အခွင့်အရေးကို အပြည်အဝ ခံစားနိုင်ကြပါစေ..ဆိုတဲ့ ဆုတောင်းလေးကိုတော့ အတူတူ ဆုတောင်းသွားပါတယ်။ နှစ်သစ်မှာ အစစအရာရာ အဆင်ပြေပါစေ။

amayarko said...

တနင်္ဂနွေ သားသမီးများအတွက် ဟောစာတမ်း အသေအချာဖတ်သွားပါတယ် ။
ဗေဒင်အလွန်မှန်ပါတယ်။

( ဒါပေသိ. ... အာညောင်းလောက်အောင် စကားပြောလေ.မရှိပါကြောင်း:-)
ယတြာ ကိုလည်းသေချာမှတ်သွားပါကြောင်း :D

PhyoPhyo said...

ှမှန်ကြီးရေ ဒီကမ္ဘာမှာ ဘူဒူ အလှဆုံးလဲ .. လို့ ကျယ်လောင်စွာ အော်ဖတ်သွားပါတယ် .. ကြာသပတေး အတွက်ပါ ဟီး

နွေးနေခြည် said...

စနေသားသမီးတွေကို ထောင်နန်းစံရကိန်း ယကြာပေးနေပါလားး))))

အင်ကြင်းသန့် said...

ကောင်းတာလေးတွေ...ကောင်းတာလေးတွေ....
ကောင်းတာလေးတွေ.....(ဟီးဟီးးးးးးးးးးးးးးးးးး၊ ကောင်းတာလေးတွေ ရွေးပြီးရေး ဆိုလို့လေ :D )

kiki said...

ဟုတ် ပ ..
မှန်ပ...
ရာဟု သားသမီး များ အတွက် သီးသန့် ဟောပေးစေလိုပါသည် ဆြာ ထွေး ၊

မြတ်မွန် said...

ဦးဦးလူထွေးရေ....ကော်ပီကူးပြီး ဒီမှာ တင်လိုက်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်..။
http://moonnnnnn.multiply.com/journal/item/28/28

mae said...

တော်လိုက်တာ၊ လေထွက်အောင် မှန်တယ်
ဟဟ