25.8.10

ကွင်းဖူးသူများ မကြည့်ရ

အားလုံးသိပြီး ကြတဲ့အတိုင်း မချိုသင်း မအယ်ဇီ နဲ့ ကိုလူထွေး တို့ ဘလော့ဂါသုံးဦး ဆုံတဲ့အခါ... အမှတ်တရ ကာတွန်းသရုပ်ဖော် တခုလုပ်မယ်လို့ ဟိုးတချိန်တုန်းက တိုင်ပင် ကြုံးဝါး စကားထားခဲ့ ကြဖူးပါတယ်။

ပြောရရင် အခုလိုမျိုးပေါ့...



အားလုံးကိုခင်တဲ့
းဝ) ကိုလူထွေး

37 ¢omments:

Crystal said...

ဟေး.......ပထမဆုံးလာမန့်ခွင့်ရပြီ အဟိ။ အင်း ကွင်းဖူးသူ လာမကြည့်ရဆိုလို့ လာကြည့်တာ ဟွန့်

ဂျစ်တူး ( မုံရွာ ) said...

လုပ်လိုက်ရင်အထူးအစမ်းကြီးဘဲ-
ငြိမ်နေပြီဆို တစ်ခုခုတော့တစ်ခုခုဘဲလို့ တွက်ထားတာ-
ဟေးးးးးးးးးးးးးးးးးး
လူထွေးရေ - - - ခေါင်းခွဲ့ ကြည့်မယ်ဆိုနေ-

ချော(အစိမ်းရောင်လွင်ပြင်) said...

အဟဟဟ
ပျောက်နေတာကြာပြီ
ပေါ်လာတော့လဲ ပျော်စရာတွေနဲ့
ဟင်း.. ကွင်းဖူးသူများ မကြည့်ရဆိုလို့
အိုး ဘာဖြစ်လဲ ကြည့်မှာဘဲ ... ဒီကလည်း ကွင်းဖူးတယ်ရှင့်..
ဘောလုံးကွင်းတိုင်း မရောက်မရှိမို့ သူငယ်ချင်းတွေက နံမည်ပေးထားတာလေ..
လေဒီ ဘောလုံးကွင်းလို့း))

Heartmuseum said...

အဲဒီတော့... blogger သုံးယောက် ဆုံကြတယ် ဆိုပါတော့လေ..... ကံကောင်းလိုက်ကြတာ.... မချိုသင်း ခရီးသွားနေသည် ဆိုတာ
ဒါကြောင့်ကိုးးးးး ... :D :P

Anonymous said...

မြန်မာစာမေဂျာကွင်းလေးကြိုက်တယ် ။ သွားလေးတစ်ချောင်းနဲ့ မျက်လုံးလေးပုတ်ခတ် ပုတ်ခတ်နဲ.၊
ကျောက်ကွင်းကတော.အချောဆုံးပဲ။

ဒီသီချင်းလေးကို့အရမ်းကြိုက်တယ် ။
ပျော်စရာ ချစ်စရာသီချင်းလေး ......ခဏလေးကျောင်းတက်ခဲ.ရချိန်လေးတွေကိုလဲ ကြည်ကြည်နူးနူးပြန်လွမ်းစေတယ် ။

သီချင်းကားလေးအတွက် ကျေးဇူးအစ်ကို ၊မမိုးချို ၊ မမအယ် ....။

amayarko,

ဧပရယ်လ်ပူး@ပူးတေ said...

ကိုလူထွေးရော မမမိုးချို မအယ် အားလုံးတော်လိုက်တာ... ရီရတယ်... စိန်ပန်းပင်ကို အခိုက်ဆုံးပဲ... label လေးတောင် တပ်လိုက်သေးတယ်...:P

Anonymous said...

စစချင်း စာတမ်းထိုးတာ နည်းနည်းမြန်တာလေးကလွဲလို့ အားလုံးကောင်းတယ်... ကာတွန်းပုံလေးတွေက လည်း ချစ်စရာကောင်းတယ်

mie nge

မမသီရိ said...

မကွင်းဖူးလို့ ကြည့်သွားပါ ကြောင်း..း)..
ချိုသင်းနဲ့ မအယ်လေး နဲ့က ကွင်း တွေ ကိုး..း)) ..

သဒ္ဓါလှိုင်း said...

အကိုလူထွေး
ပျောက်နေတယ်နော်..
ကြည့်ရင်းနဲ့ပျော်စရာကောင်းပြီးသတိတွေရသွားတယ်.
ဒါနဲ့..သဒ္ဓါလည်းတချိန်တုန်းကကွင်းဖူးတယ်..
(ဒါပေမဲ့..အက်ဆစ်နဲ့တော့မပက်ခဲ့ရဘူးဖြစ်သွားတယ်.)
ခင်တဲ့
သဒ္ဓါ

T T Sweet said...

များတို့က မကွင်းဖူးလို့ လာကြည့်သွားတယ်။ မြန်မာစာကွင်းရဲ့စာကို အကြိုက်ဆုံးပဲ ... "မြွေပွေးကိုက် " ဆိုတော့ ရယ်လိုက်ရတာ ... ပျောက်နေတာကြာပေါ့နော် ...

မေဓာဝီ said...

ဦးလူထွေးကြီးးးး ပျောက်မယ့်ပျောက်တော့လဲ အကြာကြီးပဲ
ပြန်လာတော့လဲ ကာတွန်းလက်ရာ ပျော်စရာလေးနဲ့ ပေါ့လေ ... ။
ဥပုသ်စောင့်မှာမို့ လောလောဆယ်မကြည့်သေးဘူး။ နောက်နေ့မှ ကြည့်တော့မယ်။
ကွင်းဖူးဘူးဆိုတော့ ဖြစ်တယ်မဟုတ်လား ...

နေ၀သန် said...

ကိုလူထွေးရေ.. မိုက်ရယ်ဗျာ... အဲလို အတတ်ပညာလေးတွေ တတ်ချင်ရယ်...


ခင်မင်တဲ့
နေ၀သန်

အနမ်း said...

ကြည့်လို့မရသေးလို့ နောက်မှထပ်လာတော့မယ် ..
မရယ်ရသေးလို့ မကျေနပ်ဖူး. ပျောက်နေတာကြာပီမို့ .. မဒမ်လူထွေးရော နေကောင်းပါရဲ့လားလို့..

Kay said...

အော..သူတို့ ၃ ယောက် တွေ့ ကြ သည်ပေါ့လေ..။ ယူရို ဖလင် မှာ ၀င်ပြိုင်မဲ့..ကိုလူထွေးး ရဲ့... ကာတွန်းကားလေး ကိုတော့..သဘောကျသွားပြီ...။ ဖဘ မှာ..ယူရှဲ အုံးမယ်..

း)

ကြည်ဖြူပိုင် said...

ဝေးးးးးးးးးးးးးးးးး
ကလူထွင်းကြီးပြန်လာပြီဟေ့
ဝမ်းသာစွာ ခုန်ပေါက်ကြိုဆိုပါတယ်ဗျိုး
:) :D

မိုးစက်ပွင့် said...

အကြာကြီးပျောက်ထားတာဆိုတော့ ဒီပို့စ်တခုထဲနဲ့မရဘူးနော် ..... ဒီကြားထဲ ကုန်ကြမ်းတွေ အများကြီး ရထားတယ်မဟုတ်လား .... ဆက်တိုက် ရေးပါနော် ကိုလူထွေး..

rose of sharon said...

မကွင်းဖူးလို့လာကြည့်သွားတယ်...

ကိုအောင်(ပျူနိုင်ငံ) said...

ကောင်းတယ်ဗျာ။

လင်းဒီပ said...

မိုက်တယ်အစ်ကို... ကျောင်းတုံးက ကွင်းတွေကို သတိရသွားတယ် ။

ဝက်ဝံလေး said...

ဆိုရရင်ကြွားတယ်ပေါ့လေ ဟုတ်လား ၃ ယောက်တွေ့ကြတယ်လို့ ဟွင့် မနာလိုဘူး အားကျတယ် ဗြဲ

မေငြိမ်း said...

ချစ်စရာကောင်းလိုက်တာဗျာ...

မောင်လေး said...

မိုက်တယ်ဗျ....။မြန်မာစာကွင်းလေးကတော့ ကွင်းတွေအား
လုံးရဲ့ ကွင်းလို့ ပြောရမယ်..။

သားထူး said...

ကာတွန်း ပုံလေးတွေထဲက ကောင်မလေးတွေကတော့ မအယ်နဲ့ ၊ မချိုသင်း မဖြစ်နိုင်ဘူး ပုံလေးတွေက အရမ်းကြည့်ကောင်းနေလို့ပါ ( ဟိ ဟိ ဟိ ဟိ ဟိ ) ကောင်လေးပုံကတော့ ကလူထွေးဖြစ်နိုင်တယ် ( ဟတ် ဟတ် ဟတ် )ke

မြတ်မွန် said...

မကွင်းဖူးတော့ လာကြည့်တယ်..
ဟဲဟဲ ဂွတ်ထ..
ဦးဦးလူထွေးတို့ တော်ကြ၏..။

ကြည်ဖြူပိုင် said...

ကလူထွင်းကြီးပျောက်သွားပြန်ပြီနော်
ဧကန္တ မှိုများဖြစ်သွားလားသိဘူးဘဲ
ှ(တစ်နှစ်တခါပေါ်လို့လာ..ငါသာမင်းလောင်းထီးဖြူဆောင်း)
;D;P

အဖြူရောင်နတ်သမီး said...

တခါမှမကွင်းဖူးပါ...
ဒါ့ကြောင့်...တခါ မကကြည့်သွားပါတယ်...
ပန်းချီ ကာတွန်းဆိုရင်ကြိုက်လို့....

ချမ်းလင်းနေ said...

ရှောင်ပြီးကွင်းသွားပါတယ် ကိုကြီးလူထွေးရေ။

Moe Cho Thinn said...

ကိုလူထွေးရေ
သတိရလို့ သီချင်းတွေ လာနားထောင်ပါတယ်။ စာမရေးချင်တောင် ခုလို သီချင်းလေးတွေ လုပ်ပါအုံး။ အမြဲသတိရနေတယ်။ မဒမ့်ကိုလဲ အမြဲအောက်မေ့လျက်ပါ။ အတူ လာလည်ကြပါအုံးနော်။ ကိုလူထွေးတို့ဆီကို လာလည်တုန်းက လိုလေးသေးမရှိ ဂရုစိုက်ခဲ့တာတွေအတွက် ကျေးဇူးတင်မိတယ်။

ကြည်ဖြူပိုင် said...

ကလူထွင်းရေ
စာပြန်ရေးပါ
မဒမ်ရေ
စာပြန်ရေးခွင့်ပြုလိုက်ပါနော်
(ဒီတခါတော့နောက်ရေးတာမဟုတ်ဘူး။
အတည်ရေးသွားတာ)

သဒ္ဓါလှိုင်း said...

မင်္ဂလာပါအကိုလူထွေးရေ..
ပျောက်နေလို့ လာကြည့်သွားပါတယ်။
ညီမသဒ္ဓါ

ဖြူတုတ်လေး said...

အရမ်းအရမ်းကို creative ဖြစ်ပါတယ် ကိုလူထွေးကြီး။ I simply loved it!

ခြင် said...

ကွင်းဖူးပါတယ်ဗျာ... ခြင်ကိုက်တုန်းက ထုံးနဲ့.... ဟိဟိ

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာနှစ်သစ်ပါခင်ဗျာ-
စီဘောက်စ်ဖြုတ်ထားလို့  ကွန်မန့်မှာလာရေးလိုက်တာပါ။
နှစ်သစ်မှာရေအေးအေးကလေးလာလောင်းသွားပါတယ်-
အေးချမ်းသာယာရှိပါစေ----:)

PhyoPhyo said...

မြန်မာနှစ်သစ်မှာ အစစအရာရာတိုးတက်အောင်မြင်ပါစေ၊
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ဒီကာတွန်းလေးကို ခုမှကြည့်ဖြစ်တာ၊ တော်လိုက်တာ၊
flash နဲ့ လုပ်တာလား မြန်မာစာကွင်းလေးက ချောတယ်၊ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သဘောကျတယ်၊
ကွင်းရဲ့ပြန်စာကိုကြိုက်တယ်၊ အစုံပဲ :D စိန်ပန်းပင်လည်းကြိုက်တယ်၊ ကာတွန်းရုပ်လေးတွေ သိပ်လှတယ်၊ ၂၀၁၀ က တင်ထားတာပဲ၊
သဘောကျလွန်းလို့ နောက်ကျနေလည်း မှတ်ချက်လေးတော့ ရေးသွားပါတယ်။
Happy Myanmar New Year

နေမိုးဝေ said...

အစ်ကိုလူထွေးရေ
YouTube မှာ ဟိုနှိုက်ဒီနှိုက် လုပ်ရင်းနဲ့ ရောက်လာတာပါ။ အရိုး ရဲ့ သီချင်းတွေကို music cartoon video သဘောကျလွန်းလို့
fb မှာ share ပါရစေလို့ ခွင့်တောင်းရင်း (ပြီးတောင်ပြီးသွားပါပြီ share လို့)
စာပေလက်ရာတွေ အများကြီး ထပ်ရလို့ ကျေးဇူးထပ်တင်ရပါတယ်။ အချိန်ပေးပြီး ဖတ်ပါဦးမယ်။

ဂျစ်တူး ( မုံရွာ ) said...

မင်္ဂလာပါ ကိုလူထွေး
ဘယ်ကိုရောက်နေသလဲဗျာ-
ဘယ်မှာမှမတွေ့ တော့ဘူးနော်-
ခြေယာဖျောက်ကောင်းလိုက်တာဗျာ-
ကျနော်ကတော့သတိရနေတုံးပါ။
လေးစားစွာဖြင့်
ဂျစ်တူး(မုံရွာ)

ကြည်ဖြူပိုင် said...

ဘယ်ရောက်နေတုန်း မွားစေးအကီးကြိုရေ...တကယ်ကိုခြေရာဖျောက်ကောင်းလိုက်တာ။ မွားစေးညမီတို့ကတော့ သတိရနေပါတယ်။